



၉.၂.၂၀၂၅
Written By Thandar
ယခု နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အေးချမ်းမောင်က မီးရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
“ရင်တုန်နေလို့ စကားအမှားပါရင် ခွင့်လွှတ်ပါ။ လူကြီးမင်းများကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန် တော့်ရဲ့ ပထမဦးဆုံး လူလောကထဲရောက်အောင် မွေးပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဆရာ ဒီအနုပညာလောကထဲရောက်အောင် ပခုံးနဲ့ထမ်းတင်တဲ့ ဆရာကို ဂါဝရပြုပါတယ်။ ကျွန်တော့် သရုပ်ဆောင်ပိုင်းကို ဦးသီ၊ ဆရာမောင်မျိုးမင်း၊ ဒီကားကို ယုံကြည်စွာရိုက်ကူးပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာ ဦးမီးပွားကို ကျေးဇူးတင်ပါတယ်။ပရိသတ်အားပေးမှုကြောင့် ဒီနေရာကို ရောက်ရှိခဲ့တာပါ။ ကျွန်တော့်အကို ဒါရိုက်တာကိုအောင်ချမ်းလူကို ကျေးဇူးတင်ပါတယ်။ မဟာက လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ We Love Fan တွေကို ကျေးဇူးတင်ပါတယ် ” လို့ အေးချမ်းမောင်က ပြောပါတယ်။
ဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးက အချစ်ဇာတ်ကြမ်းပုံစံ မီး ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု ဇာတ်ညွှန်း အင်ကြင်းဟန်၊ ရိုက်ကွင်း ဇာတ်ညွှန်း ညီအောင်ညီ၊ တွဲဖက်ဒါရိုက်တာ 1 Dwin နဲ့ ရွှေဒါးအပြင် ဒါရိုက်တာအကယ်ဒမီ မီးပွားက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေဝင်း၊ အေးချမ်းမောင်၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ ပိုးမမှီသာစတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။