



၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ခြူးလေးက ဘိုးတော်ကင်း ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့ပါတယ်။
“ကြွရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက လူကြီးတွေ၊ ခြူးလေးကို မွေးဖွားပေးတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ ပညာတွေ သင်ကြားပေးတဲ့ ဦးဇော်မြင့်ဦး၊ ဦးအောင်ဩဘာကို ကျေးဇူးတင်ပါတယ်။ ဘိုးတော်ကင်းဇာတ်ကားမှာ ဆရာကိုဇော်နဲ့ ကျေးဇူးတင်ပါတယ်။ ခြူးလေးဆိုတဲ့ စန်းဝင်းမော်ကာရိုက်တာ သင်ကြားပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ”လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
Bo Bo Film Production ရဲ့ ဘိုးတော်ကင်းကို ၁၉၇၄ ခုနစ်က ဆရာကျော်မြသန်းရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းအပေါ် အခြေခံပြီး ဝတ္ထုနဲ့ ဇာတ်လမ်း ကျော်မြသန်း ၊ ဇာတ်ညွှန်း သက်ဦးမောင် ၊ DOP ကိုသားကျော် ၊ လက်ထောက်ဒါရိုက်တာ အိ ၊ Art Director သုနန္ဒာအောင် ၊ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ပုံဖော်ထားပါတယ်။
သရုပ်ဆောင်အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ စည်သူဝင်း၊ အိချောပို၊ ခြူးလေး၊ ထက်ထက်ထွန်း ၊ လှနုထွန်း၊ ဥဩသံသာ၊ သံစဉ်ဆည်းဆာ၊ အောင်ခိုင်၊ ဝါဝါအောင် ၊ မိုးခမ်း၊ စုရှိုင်း၊ ကြယ်စင်၊ Alex စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။