ဆုရရှိသူများကို နိုင်ငံတော်က ဆုတံဆိပ်အပြင် ကျပ်သိန်း ၃၀ နဲ့ စိန်းနန်းတော်က စိန်လက်စွပ်တစ်ကွင်းစီ ပေးအပ်ချီးမြှင့်




၉. ၂. ၂၀၂၅
Written By Thandar
ဒီနေ့ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအချိန် နေပြည်တော် MICC 1 ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ “၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲကြီး”မှာ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုတွေကို ရန်အောင်၊ စိုးမိုးကြည်၊ ထက်အောင်ရှိုင်းနဲ့ နန်းဆုရတီစိုးတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
“ကျွန်တော် ဒီဆုရလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အမှတ်တရ ၂ ကြိမ်ရှိပါပြီ ခင်ဗျ”လို့ သရုပ်ဆောင် ရန်အောင်က ပြောပါတယ်။
“ကြွရောက်လာကြတဲ့ လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်။ စိုးမိုးရဲ့ မိတ်ကပ်ပညာရှင်တွေ၊ ဝတ်စုံကို ပြင်ဆင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် စိုးမိုးကြည်က ပြောပါတယ်။
Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကိုတော့ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆုကို ရန်အောင်၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှုအကြီး တန်းဆုကို စိုးမိုးကြည်၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆုကို နန်းဆုရတီစိုးတို့ကို ဆု ၄ ဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။
“နိုင်ငံတော်အကြီးအကဲများနဲ့ ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန် တော့်အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်။ ဆရာဂျွန်လွင်ကိုလည်း ကျေးဇူးတင်ပါတယ်။ နန်းဒေဝီကိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်လိုဝတ်ဆင်ရမယ်လို့ ဆရာရဲ့ သင်ကြားပေးမှုကြောင့်ပါ”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။






၂၀၂၅ ခုနှစ်မှာတော့ Myanmar Academy Fashion Award ဆုကို ဆုတံဆိပ် ကျပ် သိန်း ၃၀ နဲ့ စိန်းနန်းတော်က စိန်လက်စွပ်တစ်ကွင်းတို့ကို ပေးအပ်ချီးမြှင့်မှာလည်းဖြစ်ပါတယ်။
“ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ ကိုမျိုးမင်းစိုးကြောင့် ဒီဆုကိုရတယ်လို့ ထင်ပါတယ်။ ဖက်ရှင်ကို သဘောကျတဲ့သူ တစ်ယောက် အနေနဲ့ ဒီဆုကိုရလို့လည်း ဝမ်းသာမိပါတယ်ရှင့်”လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပါတယ်။