


၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အထူးဆု)ကို နှောင်ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ကပ် မလုံလုံ (လင်္ကာဒီပ) က ဆွတ်ခူးရရှိခဲ့ပါတယ်။
“မိတ်ကပ်ပညာရပ်တွေကို ဆရာစားမချန်တဲ့ သင်ဆရာတွေကို ကျေးဇူးတင်ပါတယ်။ မောင်လေးနေတိုးကို လိမ်းခြယ်ခွင့်ရလို့ ဒါရိုက်တာဩရသကိုလည်း ကျေးဇူးတင်ပါတယ်။ မိတ်ကပ်ပညာကို ချီးမြှင့်ပေးလို့ ကျေးဇူးတင်ပါတယ် ”လို့ မိတ်ကပ်ပညာရှင် မလုံလုံ(လင်္ကာဒီပ) က ပြောပါတယ်။
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက နှောင်ဇာတ်ကားကို ဇာတ်လမ်း ရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ အကယ်ဒမီဩရသက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်း ၊ သူရိယ ၊ ပိုးမမှီသာ ၊ နော်ဖောအယ်ထားတိုနဲ့ ပုံဖော်ထားပါတယ်။
ဒီဇာတ်ကားက ၁၉၅၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ‘ဒေါက်တာအောင်ကျော်ဦး’ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲစွဲခဲ့တဲ့နေရာကို အကယ်ဒမီ နေတိုးက ‘နှောင်’ ရုပ်ရှင်ဇာတ် ကားကြီးရဲ့အမည်နဲ့ ပြန်လည်ပုံဖော်ထားတာပါ။