


၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို အာကာကျော်က နှောင်ဇာတ်ကားနဲ့ အကယ်ဒမီဆုဆွတ်ခူးရရှိပါတယ်။
“ ကျွန်တော် ကျေးဇူးတင်ရမယ့်သူတွေ များပါတယ်။ နှောင်ကို ဒါရိုက်တာ ဩရသကိုလည်း ကျေးဇူးတင်ပါတယ်။ နှောင်အဖွဲ့သားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရွှေနဒီရွှေရည် ထုတ်လုပ်ရေး ကျေးဇူးတင်ပါ တယ်။ ကျွန်တော်အခက်အခဲဖြစ်နေချိန်မှာ ကူညီပေးသူတွေ ကျေးဇူးတင်ပါတယ်။ ဖျာပုံနဲ့ ဒလမှာ ရှိသူတွေ ဆွေမျိုးတွေကို ကျေးဇူးတင်ပါတယ်ဗျာ ” လို့ အာကာကျော်က ပြောပါတယ်။
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးရဲ့ နှောင်ကို ဇာတ်လမ်း ရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ အကယ်ဒမီဩရသက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်း ၊ သူရိယ ၊ ပိုးမမှီသာ၊ နော်ဖောအယ်ထားတို့နဲ့ ပုံဖော်ထားပါတယ်။
ဒီဇာတ်ကားက ၁၉၅၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ‘ဒေါက်တာအောင်ကျော်ဦး’ဇာတ်ကားနဲ့ ပရိသတ်ရင် ထဲစွဲ ခဲ့တဲ့နေရာကို အကယ်ဒမီ နေတိုးက ‘နှောင်’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်နဲ့ ပြန်လည်ပုံဖော်ထားတာပါ။