၁၄ . ၁. ၂၀၂၃
Written By Thandar
ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင်လီလီကျော်ခိုင်ကတော့ သူ့ရဲ့ကောင်လေးဖြစ်လာမဲ့သူက ဘယ်လိုပုံမျိုးဖြစ်ရမယ်လို့ သတ်မှတ်မထားဘဲ အထိအတွေ့နဲ့ အမြင်ကို ဦးစားပေးမှာဖြစ်သလို အဓိကအချက်အဖြစ်လည်း သူမကို ချစ်ပေးဖို့က အဓိကပါလို့ ဆိုပါတယ်။
“လီလီကတော့ အပြင်မှာ အသံကိုစွဲလမ်းမှုရှိမယ်လို့တော့ မထင်ပါဘူး။ ကိုယ့်နားမှာလည်း အသံအရမ်း ကောင်းပြီး ကိုယ်မကြိုက်တဲ့ ရုပ်မျိုးရှိလို့လေ။ အဓိကတော့ လီလီက အမြင်ကိုလည်း ကြိုက်သလို အထိအတွေ့ကိုလည်း ကြိုက်ပါတယ်။ လူတစ်ယောက်အသံကို အဲဒီလောက်မဟုတ်ပါဘူး။ လီလီက အထိအတွေ့နဲ့အမြင်ကို ဦးစားပေးတဲ့ သူမျိုးပါ။ အသံက အဓိကမဟုတ်ဘူး ရုပ်ကအဓိကပါ။ ရုပ်ရည်ကတော့ ရုပ်ကဘယ်လိုမျိုးဆိုတာ မရှိပါဘူး။ ကိုယ့် ကောင်လေး ဘယ်လိုပုံမျိုးလို့ လီလီမသတ်မှတ်ထားဘူး ။ အဓိကကိုယ့်ကို ချစ်ပေးဖို့ပဲလိုတယ်။ ထိုနည်းလည်းကောင်းပဲ။ ကိုယ်လည်းသူ့ကို ချစ်ဖို့လိုတယ် အဲဒီနှစ်ခုအဆင်ပြေရင်ရပြီ။ အသံကောင်းတာတွေ ရုပ်ချောတာလည်း မရှိပါဘူး”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
လက်ရှိရိုက်ကူးနေတဲ့ ရင်ခုန်သံ FM” ဇာတ်လမ်းတွဲက သူမအတွက် Radio Announcer Challenge ဖြစ်လို့ လက်ခံဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အသံလွှင့် ရေဒီယို Channel နာမည်ကြီး အစီအစဉ် တင်ဆက်သူ ရှိန်းဆက်ရာရဲ့ အသံကိုနားဆင်သူ ပရိသတ်တွေကြား ရေပန်းစားလာခဲ့ပြီး ဒီအသံစွဲဆောင်မူကြောင့်လည်း လူကြိုက်များလာတာကြောင့် ရှိန်းဆက်ရာကို လူချင်း တစ်နေ့ တွေ့ခွင့်ရဖို့ ကြိုးစားနေသူတွေရှိတဲ့ ဇာတ်လမ်းလေးပါ။ သူမကတော့ မေယုဝါ ကာရိုက်တာနဲ့ Radio Announcer ဖြစ်ချင်နေသူ တစ်ယောက်အဖြစ်နဲ့ ပရိသတ်မြင် တွေ့ရမှာ ဖြစ်ပါတယ်။
“ဒီကာရိုက်တာက လီလီတစ်ခါမှ သရုပ်ဆောင်မဆောင်ဖူးသေးတဲ့ ကာရိုက်တာလည်း ဖြစ်တယ်။ လီလီ က ဟိုးအရင်ထဲက ကိုယ့်အသံကို ကြိုက်တဲ့အထဲမှာ မပါဘူး။ ဒီကားထဲက အသံကြောင့် မင်းသားကို စွဲလမ်းရာကနေ နယ်မြို့လေးကနေ ရန်ကုန်မြို့ကြီးကို ခက်ခက်ခဲခဲလာခဲ့တဲ့ ကောင်မလေးပါ။ ကောင်လေးကို စွဲလမ်းရာကနေ Radio Announcer ဘက်ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့အသံကိုပါ မင်းသားက ပြန်စွဲလမ်းသွားတယ်ပေါ့။ သူ့ကို စိတ်ဝင်စားရင် လီလီကလည်း Announcer ဖြစ်ချင်လာခဲ့တာပါ။ လီလီကိုယ်တိုင်က ကိုယ့်အသံကို မကြိုက်တာတော့မဟုတ်ပါဘူး။ တခြား ကောင်မလေးတွေ အသံတွေက စွဲဆောင်မှုရှိတယ်လေ။ ဇာတ်အိမ်လေးလည်း ကောင်းပါတယ်။ လီလီ အတွက် Radio Announcer Challenge ဖြစ်လို့ လက်ခံဖြစ်တာပါ။ ဒါရိုက်တာက လိုအပ်တဲ့ အသံအပိုင်းကို ပြောင်းရမယ်ဆိုလည်း ကြိုးစားပြီး လီလီသရုပ်ဆောင်သွားမှာပါ ”လို့ သူမက ဆက်ပြောပါတယ်။
ရင်ခုန်သံ FM ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အောင်မင်းခန့်၊ လီလီကျော်ခိုင်၊ ဗညားဘုန်းပြည့်၊ မေသစ်လွင် (Wyne Wyne) တို့ရဲ့ လေးပွင့်ဆိုင် ချစ်ခြင်းမေတ္တာ လွန်ဆွဲမှုတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။