၈.၂. ၂၀၂၅
Written by MMAK

ဆောက်သမ်ပ်တန် Vs ဘန်လေ
အင်္ဂလန် FA ဖလား ပွဲစဥ်တစ်ခုဖြစ်ပြီး ဒီပွဲနိုင်တဲ့အသင်းတွေက ၁၆ သင်းအဆင့်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ပရီးမီယားလိဂ်မှာ တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ ဒီဖလားကို လူစုံထုတ်ပြီး ကစားဖို့ထက် တန်းမဆင်းရဖို့အတွက်သာ အဓိကထားနိုင်တဲ့အတွက် ဒီပွဲမှာ အရန်ကစားသမားအချို့ကို ပွဲထုတ်လာမယ် ထင်ပါတယ်။ ဘန်လေအသင်းက ချန်ပီယံရှစ်က အသင်းတစ်သင်းဆိုပေမဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ရှုံးပွဲမရှိတာ ဆယ့်ကိုးပွဲအထိတောင် ရှိနေပြီဖြစ်တဲ့အတွက် သုံးလနီးပါးလောက်ကို မရှုံးအောင် ကစားထားနိုင်တာကို တွေ့ရပါတယ်။ ဘန်လေအသင်းရဲ့ အဓိကအားသာချက်က သူတို့အသင်းရဲ့ ခံစစ်ဖြစ်ပြီး ပေးဂိုးအရမ်းနည်းသလို တိုက်စစ်ကလည်း ဂိုးရအောင် သွင်းတတ်ပါတယ်။ ပထမစတည်ကြေးမှာ တစ်လုံးသွင်းရင် တစ်ဝက်လောက်ဘဲ အနိုင်ရမဲ့ပေါက်ကြေးကနေ အခုအချိန်မှာ အပြည့်နီးပါး စားရမယ်ဆိုတဲ့ ပေါက်ကြေးက အိမ်ရှင်ဆောက်သမ်ပ်တန်အသင်း အနိုင်ရဖို့ ခက်ခဲနိုင်တယ်လို့ ယူဆထားပါတယ်။ ပွဲချိန်အတွင်းမှာ သရေကျသွားနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဘန်လေဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
ဘရိုက်တန် Vs ချဲလ်ဆီး
နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသလို ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဘာလီဗာမပါနိုင်တာကြောင့် ဘရိုက်တန်းအသင်းရဲ့ ခြေစွမ်းက အကျဘက်ကို ရောက်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကလည်း အရမ်းကြီးမကောင်းသလို အရမ်းကြီးလည်း မဆိုးတာ ဖြစ်တဲ့အတွက် ဘရိုက်တန်အသင်းထက်တော့ ပိုသာပါသေးတယ်။ ချဲလ်ဆီးက ပြည်တွင်းဖလားတွေမှာ အမှတ်ပေးဖလားကို မရနိုင်တော့သလို ကရာဘောင်းဖလားကလည်း ထွက်လိုက်ရတာကြောင့် FA ဖလားတစ်ခုတည်းသာ ကျန်ရှိတဲ့အတွက် ဒီဖလားပွဲကို အာရုံစိုက် ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေးအနည်းငယ်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက အနည်းငယ်ပြင်းရှနေပါတယ်။ ဆောက်သမ်ပ်တန်အသင်းဆိုရင် နောက်ဆုံးနှစ်ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဂိုးပေါင်းကြေး ပြင်းရှနေပုံအရ ဆောက်သမ်ပ်တန်အသင်း ဂိုးရနိုင်သလို ချဲလ်ဆီးအသင်းလည်း ဂိုးရနိုင်ပါတယ်။ ဒီနှစ်သင်းထပ်တိုက်တွေ့ဆုံမှုတွေမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်လေ့ရှိသလို အခုပွဲစဥ်မှာလည်း မိနစ်ကိုးဆယ်အတွင်း အရှုံးအနိုင်အဖြေပေါ်သွားနိုင်ပါပြီး သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ ဂိုးပေါင်းကြေးက လိုအပ်တာထက် ပြင်းရှနေတာကြောင့် အခုပွဲစဥ်မှာ ဂိုးပေါ်တစ်မျိုးတည်းကိုရွေးချယ်ကစားသင့်ပါတယ်။

ရီးရဲမက်ဒရစ် Vs အသလက်တီကို
ရီးရဲအသင်းရဲ့နောက်တန်းမှာ အထိုင်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ခံစစ်က သွင်းဂိုးတွေ ပေးနေရပါတယ်။ လီဂါနက်နဲ့ အက်စပန်ညိုလို အသင်းတွေတောင် ဂိုးပေးနေရတဲ့ ရီးရဲခံစစ်က အခုပွဲစဥ်မှာ တီကိုအသင်းကို ဂိုးပေးရဖို့ များပါတယ်။ တီကိုအသင်းက ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ဂိုးရအောင်သွင်းတတ်တာကြောင့် ဒီပွဲမှာ တီကိုအသင်း ဂိုးရနိုင်ပါတယ်။ ရီးရဲအသင်းကလည်း တိုက်စစ်ကောင်းတယ်ဆိုပေမဲ့ တီကိုခံစစ်ကို ဂိုးတွေအများကြီး သွင်းနိုင်ဖို့ မလွယ်ကူပါဘူး။ အခုနောက်ပိုင်း တွေ့ဆုံမှုတွေမှာ တီကိုအသင်းက အသာရခဲ့သလို သရေကျရင် ကြေးအပြည့်စားရမဲ့ တီကိုဘော်ဒီကို စဥ်စားထားပါတယ်။ ရီးရဲအသင်းရဲ့ ခံစစ်ကို တီကိုအသင်း ဂိုးရနိုင်တယ်လို့ ယူဆထားသလို ခံစစ်ကောင်းတဲ့ တီကိုအသင်းကို ရီးရဲအသင်း ဂိုးရနိုင်ဖို့ခက်တယ်လို့ ယူဆထားပါတယ်။ လာလီဂါအမှတ်ပေးဖလားကို အပြိုင်လုနေသလို တစ်မှတ်ပဲ ကွာခြားတဲ့ အနေအထားမှာ နှစ်သင်းလုံး အမှားမခံဘဲ ထိန်းကစားလာနိုင်ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ တီကိုဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
ဖရိုင်းဘတ် Vs ဟိုက်ဒမ်ဟိမ်း
ဟိုက်ဒမ်ဟိမ်းအသင်းရဲ့ ခြေစွမ်းက အတော်ဆိုးနေပြီး ခံစစ်ကလည်း ပွဲတိုင်းဂိုးပေးနေရတာကြောင့် ရလဒ်တွေဆိုးနေပါတယ်။ ဖရိုင်းဘတ်အသင်းက အိမ်ကွင်းပိုကောင်းတဲ့အသင်းဖြစ်သလို အိမ်ကွင်းကိုးပွဲမှာ ခြောက်ပွဲအထိ အနိုင်ရထားပြီး တစ်ပွဲကို နှစ်ဂိုးနှုန်း သွင်းထားနိုင်ပါတယ်။ တစ်လုံးသွင်းရင် တစ်ဝက်လောက်ပဲ အနိုင်ရမဲ့ ဖရိုင်ဘတ်အသင်းရဲ့ ပေါက်ကြေးက မှန်ကန်မှုရှိနေတာ တွေ့ရတာကြောင့် အိမ်ရှင်ဖရိုင်းဘတ်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။ ပထမအကျော့တုန်းကလည်း အဝေးကွင်းကနေ ဂိုးပြတ်အနိုင်ရခဲ့သလို ဖရိုင်းဘတ်အသင်းရဲ့ ကစားပုံက ဟိုက်ဒမ်ဟိမ်းအသင်းထက် ပိုကောင်းပါတယ်။ အခုအိမ်ကွင်းပွဲမှာလည်း အိမ်ရှင်ဟိုက်ဒမ်ဟိမ်းအသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ယူဆထားတဲ့အတွက် ဖရိုင်းဘတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

ဗီရိုနာ Vs အတ္တလန်တာ
အဝေးကွင်းအတ္တလန်တာအသင်းအနေနဲ့ စီးရီးအေဖလားကို ပစ်မှတ်ထားချင်တယ်ဆိုရင် ထိပ်ဆုံးက နာပိုလီနဲ့ အင်တာတို့ကို အမှတ်မပြတ်ဖို့အတွက် ဒီပွဲမှာ အနိုင်ရထားဖို့လိုပါတယ်။ ဗီရိုနာအသင်းက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ဂိုးသွင်းနိုင်သလို ပေးဂိုးအများဆုံးအသင်း ဖြစ်နေတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးတွေ ထပ်ပေးရဖို့များပါတယ်။ အတ္တလန်တာအသင်းရဲ့ တစ်လုံးသွင်းရင်တောင် ပြားအနည်းငယ်ရှုံးမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပြင်းရှနေပါတယ်။ အတ္တလန်တာအသင်းနဲ့ ကြေးအတူဖွင့်တဲ့ လာဇီယိုအသင်းက တစ်လုံးငါးဆယ်စားပေးခဲ့သလို အေစီမီလန်အသင်းက တစ်လုံးသရေသာ ပေးခဲ့တာကြောင့် အခုပေါက်ကြေးမှာ အတ္တလန်တာအသင်း နှစ်ဂိုးလောက် သွင်းနိုင်တယ်ဆိုတဲ့ ပေါက်ကြေးကို တွေ့ရပါတယ်။ အတ္တလန်တာအသင်းသာ တစ်ဂိုးရသွားခဲ့ရင် အိမ်ရှင်ဗီရိုနာအသင်းက တိုက်စစ်ဖွင့်ကစားလာနိုင်ကြောင့် တစ်ဂိုးလောက်ရသွားနိုင်တယ် ဆိုတဲ့အချက်ကိုလည်း တွေ့ရပါတယ်။ ဒီအတွက်ကြောင့် အတ္တလန်တာဘော်ဒီထက် နှစ်သင်းလုံး ဂိုးရနိုင်တဲ့အချက်ကြောင့် သုံးဂိုးသွင်းရင် တစ်ဝက်လောက်အနိုင်ရမဲ့ ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ ပထမအကျော့တုန်းက နှစ်သင်းပေါင်း ခုနှစ်ဂိုးအထိ သွင်းပြခဲ့သလို အခုပွဲစဥ်မှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
ဝုလ်ဘတ် Vs လေဗာကူဆင်
လေဗာကူဆင်အသင်းရဲ့ တိုက်စစ်မှာ ဘိုနီဖေ့နဲ့ ပက်ထရစ်ရှရစ်တို့ ပြန်ပါလာနိုင်ချိန်မှာ တိုက်စစ်ပိုကောင်းလာပြီး ဂိုးသွင်းအားတက်လာပါတယ်။ ပြီးခဲ့တဲ့ပွဲစဥ်တွေမှာ ပေါက်ကြေးအကြမ်းစားတွေပေးခဲ့တဲ့ လေဗာကူဆင်အသင်းက အခုပွဲစဥ်မှာ တစ်ဂိုးသွင်းရင် အပြည့်နီးပါးအနိုင်ရမယ် ဘော်ဒီကြေး ပေးထားသလို ဂိုးပေါင်းကြေးကလည်း သုံးဂိုးသွင်းရင် တစ်ဝက်လောက်အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးနှစ်ခုလုံးက အရမ်းပျော့နေပါတယ်။ ဝုလ်ဘတ်အသင်းကလည်း ဂိုးသွင်းအားကောင်းတဲ့အသင်း တစ်သင်းဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲမှာ သေချာပေါက် တစ်ဂိုးလောက် ရသွားနိုင်ပါတယ်။ ပထမအကျော့တုန်းကလည်း အိမ်ရှင်လေဗာကူဆင်အသင်း သုံးဂိုးပေးခဲ့ရပြီး ခက်ခက်ခဲခဲ ကစားခဲ့ရသလို အခုကစားမဲ့ အဝေးကွင်းပွဲမှာလည်း ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ပထမကျော့တုန်းက နှစ်လုံးငါးဆယ်စားအထိ ပေးခဲ့တဲ့ လေဗာကူဆင်အသင်းအနေနဲ့ ဒိပွဲမှာ တစ်လုံးသရေလောက် အနိမ့်ဆုံးပေးရမှာ ဖြစ်ပေမဲ့ အခုပေါက်နေတဲ့ လေဗာကူဆင်အသင်းရဲ့ ဘော်ဒီကြေးက ကြေးအောင်ဖို့ရာ ခက်ခဲတဲ့ ဘော်ဒီကြေး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဝုလ်ဘတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အနည်းငယ် ကာကစားသင့်ပါတယ်။