
၈.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က နောက်ရက်သတ္တပတ်အတွင်း တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့ကို နောက်ဆုံးထားလို့ နိုင်ငံအများအပြားကို ကုန်သွယ်စည်းကြပ်ခွန်တွေ ကြေညာသွားဖို့ စီစဉ် ထားတယ်လို့ ဖေဖော်ဝါရီလ ၇ ရက်မှာ ပြောခဲ့ပါတယ်။
ဒါက ကမ္ဘာ့နိုင်ငံတွေနဲ့ ကုန်သွယ်မှုမှာ အမေရိကန် အနေနဲ့ အသာစီးရစေဖို့ သူ့ရဲ့ဆောင်ရွက်ချက်ကို ထရန့်က တိုးမြှင့်လိုက်တာပဲဖြစ်မှာပါ။
ထရန့်က ဘယ်နိုင်ငံတွေလို့တော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုက အမေရိကန် နိုင်ငံရဲ့ ဘဏ္ဍာရေးအခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့ ကျယ်ပြန့်တဲ့ အားထုတ်မှုလို့ သူက ဆိုခဲ့ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အတွက် ထရန့်က အမေရိကန်သို့ ကုန်သွယ်ဖက်နိုင်ငံတွေမှ သွင်းကုန်တွေအပေါ် စည်း ကြပ်ခွန်တွေကောက်ခံဖို့ ပြဌာန်းသွားမှာဖြစ်သလို ကုန်သွယ်ဖက်နိုင်ငံတွေကလည်း အမေရိကန်မှ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်တွေ အပြန်အလှန် တိုးမြှင့်ကြမှာပါ။
ဒါကို ထရန့် က ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာနဲ့တွေ့ဆုံဆွေးနွေးစဉ် ကြေညာခဲ့တာပါ။ သူက ဂျပန်နိုင်ငံမှ မော်တော်ကားတင်သွင်းမှုတွေ အပေါ်မှာတော့ ဘယ်လိုဆောင်ရွက်မယ် ဆွေးနွေးဆဲဖြစ်တယ်လို့ပြောခဲ့ပြီး ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ရဖို့ အလားအလာရှိတယ်လို့ သိရပါတယ်။
Ref- Japan Times