October 23, 2024

၁၄. ၁. ၂၀၂၃
တင်ဆက်/ တည်းဖြတ် ပန်းအိ၊ ဟေမာ

မီနီယံလို့ ဆိုလိုက်တာနဲ့ ကလေးဘဝက အမှတ်တရတွေနဲ့အတူ တလွဲလုပ်တတ်တဲ့ အဝါရောင်ကောင်လေးတွေလို့ တွေးမြင်မိကြမှာ အသေအချာပါပဲ။ အခုအခါမှာလည်း Netflix ကနေ ၂၀၂၂ခုနှစ် ဇူလိုင်လက ရုံတင်ပြသခဲ့တဲ့ Minions: The Rise of Gru ကို ဇန်နဝါရီလထဲမှာ ပြန်လည်ထုတ်လွှင့်တော့မှာဖြစ်လို့ ကြည့်ရှုနိုင်တော့မှာပါ။

၂၀၁၀ ပြည့်နှစ်ကတည်းက ထွက်ရှိခဲ့တဲ့ မီနီယံရုပ်ရှင်တွေရဲ့ ပဉ္စမမြောက် နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ Minions: The Rise of Gru က ထွက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေကြားမှာ လူကြိုက်များမှု အရှိန်အဟုန်က ကြီးမားလျက်ရှိနေပါတယ်။

Minions 2 လို့လည်းလူသိများတဲ့ Minions: The Rise of Gru ကို Illumination မှထုတ်လုပ်ထားတာဖြစ်ပြီး ကာတွန်းဟာသရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အသံသရုပ်ဆောင်တွေ အနေနဲ့ Gru နေရာက Steve Carell၊ Minions တွေနေရာက Pierre Coffin တို့က ပါဝင်ထားကြတာဖြစ်ပြီး Taraji P. Henson၊ Michelle Yeoh၊ Julie Andrews နဲ့ Alan Arkin အစရှိတဲ့သူတွေကလည်း အသံသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြပါတယ်။

ဒီဇာတ်ကားထဲမှာ ၁၉၇၀ခုနှစ်တွေအတွင်းက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ အသက်၁၂ အရွယ် Gru ရဲ့ ငယ်ဘဝကို တွေ့မြင်ရမှာဖြစ်ပြီး သူရဲ့ မြေအောက်ခန်းထဲကနေ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ ဗီလိန်ပေါက်စလေး Gru နဲ့ မီနီယံတို့ စတင်တွေ့ဆုံပုံကို တွေ့မြင်ကြရမှာပါ။

မီနီယံလေးတွေရဲ့ ချစ်စရာတလွဲလုပ်ပုံလေးတွေနဲ့ Vicious 6 လို့ခေါ်တဲ့ ကမ္ဘာကျော် ဗီလိန် ၆ယောက်အဖွဲ့ထဲကို ဝင်ခွင့်ရဖို့ Gru ရဲ့ ကြိုးပမ်းပုံတွေကို ဟာသလေးတွေ ခံစားပြီး ကြည့်ရှုနိုင်ဖို့အတွက် Netflix ကနေ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထွက်ရှိတော့မယ့် Minions: The Rise of Gruကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *