October 23, 2024

၁၄. ၁. ၂၀၂၃
Written by Naing Thuta

ချမ်းမြသာစည်မြို့နယ်ရှိ ချောင်း၊ မြောင်းဧရိယာအတွင်း ဝင်ရောက်ကျူးကျော်နေကြသော လူနေအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ယမန်နေ့က ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီမှ စတင်ကာညနေ ၄ နာရီအထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅ လမ်း၊ ၁၀၈ အေနှင့် ၁၁၀ လမ်းအထိ ပရံတော်ချောင်းဘေးရှိ ချောင်း၊ မြောင်းဧရိယာအတွင်း ဝင်ရောက်ကျူးကျော်ဆောက်လုပ်ထားသည့် လူနေအိမ်များကို ဖြိုဖျက်ရှင်းလင်းခဲ့သည်။

အဆိုပါရှင်းလင်းခံရမှုကြောင့် ‌အိမ်ခြေ ၄၃ လုံး (အခိုင်အမာ-၁၅လုံး၊ ယာယီ-၂၈လုံး)၊ အိမ်ထောင်စု ၄၃ စုပါဝင်ကာ လူဦးရေ ၁၇၄ ဦးခန့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့များကလည်း ချမ်းမြသာစည်မြို့နယ်တွင် ကျူးကျော်နေအိမ်များ ဖြိုဖျက်ရှင်းလင်းခံခဲ့ရပြီး အိမ်ခြေ ၂၅၀ ကျော်ပါဝင်ကာ လူဦးရေ ၁၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *