
Ref & Photo TOC & လရိပ်ချို
၇. ၂. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံရဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ သောက်စားပျော်ပါး၊ အုပ်စုဖွဲ့ မူးရူးသောင်းကျန်းနေတာတွေကြောင့် သိက္ခာကျ ဝေဖန်ခံနေရတဲ့အပြင် စင်ကာပူက မြန်မာလုပ်သားတွေ ပြန်ပို့ဖို့နဲ့ ထပ်မခေါ်ဖို့ အေဂျင်စီတွေကို ညွှန်ကြားလာချိန်မှာပဲ ကြင်နာတတ်တဲ့ မြန်မာအမျိုးသမီးငယ်က ပျောက်ဆုံးသွားတဲ့ ပိုက်ဆံအိတ်ကို စင်ကာပူပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့ လှလှပပ ဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ထွက်လာခဲ့သလို သူမရဲ့ ကြင်နာမှုနဲ့ ရိုးသားမှုဟာ လူအများကို Heart ထိစေခဲ့တဲ့အပြင် သူမရဲ့ မွန်မြတ်ပြီး စာနာတတ်တဲ့ အပြုအမူအတွက် အင်တာနက်အသုံးပြုသူတွေက ချီးကျူးခဲ့ကြပါတယ်။

ကြင်နာတတ်တဲ့ မြန်မာအမျိုးသမီးလေး Layeik Chyo က ပျောက်ဆုံးသွားတဲ့ ပိုက်ဆံအိတ်ကို ရှာဖွေပြီး ပြန်ပေးရတဲ့ အတွေ့အကြုံကို Facebook မှာ မျှဝေခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် မနက်က သူမ ကောက်ရခဲ့တဲ့ ပိုက်ဆံအိတ်ပိုင်ရှင်ကို ရှာဖွေနိုင်ဖို့ ပို့စ်တင်အကူအညီတောင်းခဲ့ပါတယ်။
သူမဟာ အလုပ်သွားရင်း လမ်းမှာ ငွေသားနဲ့ ဘဏ်ကတ်များစွာ ပါဝင်တဲ့ ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့တာကြောင့် ပိုက်ဆံအိတ်မှာပါတဲ့ ကတ်တွေပေါ်က ပိုင်ရှင်ရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ရှာတွေ့ခဲ့တာပါ။
သူမက အိတ်ပိုင်ရှင်ရှာဖို့ တင်ခဲ့တဲ့ ပို့စ်မှာတော့ “ကျေးဇူးပြုပြီး မျှဝေပေးပါ။ အလုပ်သွားရာလမ်းမှာ ပိုက်ဆံအိတ်တစ်အိတ် တွေ့ပါတယ်။ အထဲမှာ ဘဏ်ကတ်တွေလည်း ပါနေတယ်။ ပိုက်ဆံအိတ်ပွင့်နေတာကိုလည်း သတိပြုမိပါတယ်။ အထဲမှာပါတဲ့ ကတ်တွေကတော့ ပိုင်ရှင်ဟာ တရုတ်လူမျိုးဖြစ်တယ်ဆိုတာကို တွေ့ရတယ်။”လို့ ရေးသားခဲ့ပါတယ်။
စင်ကာပူဒေါ်လာ ၄၀၀၀ ကျော်ပါတဲ့ ပိုက်ဆံအိတ် ပျောက်ဆုံးနေရတဲ့ ပိုင်ရှင်အဖို့ ဘယ်လောက်တောင် စိတ်ပူနေမယ်ဆိုတာ တွေးကြည့်နိုင်တယ်လို့ သူမက ပြောပြခဲ့သလို အဲဒါကို ကောက်ရတာမို့ ရေအဆုံးကုန်းတစ်ဝက် စကားပုံနဲ့ သိမ်းယူမယ့်အစား လရိပ်ချိုက ပြန်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ပြောပါတယ်။
“သူတို့ ဘယ်လောက်စိုးရိမ်နေမယ်ဆိုတာ ငါတွေးကြည့်လို့ရတယ်။ သူတို့ကို ပြန်ပေးချင်တယ်။ ကတ်ပေါ်က နာမည်ကို ပြန်ပေးလိုက်မယ်” လို့ သူမက ဆက်ပြောခဲ့သလို အဲဒီနေ့ ညနေ ၆ နာရီအချိန်ခန့်မှာ သူမဟာပိုက်ဆံအိတ်ကို ပိုင်ရှင်ထံ အောင်မြင်စွာပြန်ပေးအပ်လိုက်နိုင်ပြီလို့ သူမအကောင့်က Followers တွေ အသိပေးခဲ့ပါတယ်။
“ဒီမနက်က ပိုက်ဆံအိတ်ကို ရှာတွေ့ပြီး ပိုင်ရှင်ဆီ ပြန်ပေးလိုက်တယ်။ အိတ်ကို ရှာကြည့်တော့ ပျောက်နေတဲ့ သူရဲ့ ID ကတ်ကို တွေ့တယ်။ ကတ်ထဲက အသေးစိတ် အချက်အလက်တွေကို လိုက်ရှာတော့ သူတို့အိမ်အထိ သွားပြီး ပြန်ပေးလိုက်တယ်။”လို့ သူမက ဆိုပါတယ်။
ပျောက်ဆုံးပိုက်ဆံအိတ်ပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး ပြန်မရတော့ဘူးထင်တဲ့ သူမရဲ့ ပိုက်ဆံအိတ်ကို လက်ခံရရှိတဲ့အခါ ပျော်ရွှင်မှု အပြည့်နဲ့ ခံစားနေရတာကိုလည်း လရိပ်ချိုက “ပိုင်ရှင်က လက်ခံရတာ အရမ်းဝမ်းသာလွန်းလို့ မျက်ရည်ကျတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကြင်နာမှုကို တန်ဖိုးမဖြတ်နိုင်ဘူးလို့ ခံစားရတယ်” လို့ သူမက ဆိုပါတယ်။
လရိပ်ချိုဟာ ပိုက်ဆံအိတ်ကို ပြန်ပေးနိုင်ဖို့ ပိုင်ရှင်ကို နှစ်ကြိမ်တိုင်တိုင် သွားရှာခဲ့ရပြီး ပထမအကြိမ်မှာ ဘယ်သူ့ကိုမှ မတွေ့ရတာတောင် သူမက လက်မလျှော့ခဲ့ပါဘူး။
“ပထမတစ်ခေါက်က ဘယ်သူမှ အိမ်မှာမရှိလို့ ပြန်လာခဲ့ရတယ်။ ဒုတိယအကြိမ် သွားရှာရာမှာတော့ ပိုက်ဆံအိတ်ပိုင်ရှင် မိသားစုက ကျွန်မကို လူတစ်ယောက်လွှတ်ပြီး အိမ်ထဲ ခေါ်ခဲ့ပါတယ်”လို့ သူမက ဆိုပါတယ်။ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပါတယ်။”
ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ မိသားစုက လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောခဲ့သလို ဆုံးပြီထင်ရာက ပြန်ရတဲ့ ဒီအဖြစ်အပျက်အပေါ် ဗိမာန်တော်ထံ ဆုတောင်းခဲ့လို့ စေလွှတ်ပေးခဲ့သူမျိုးလို့ ခိုင်းနှိုင်းခဲ့ကြောင်း လရိပ်ချိုက က မှတ်ချက်ပြုခဲ့သလို သူမရဲ့လုပ်ရပ်အပေါ် အင်တာနက်အသုံးပြုသူများစွာက ချီးကျူးကြပြီး တစ်ဦးက”လှပတဲ့ စိတ်ထားရှိသူ”လို့ ချီးကျူးခဲ့သလို”မွန်မြတ်လှတဲ့ စိတ်ထားလေး လေးစားဂုဏ်ယူလျှက်ပါနော်”လို့လည်း တစ်ဦးက ဂုဏ်ပြုခဲ့ပါတယ်။

အခြားတစ်ဦးကလည်း “ဂုဏ်ယူပါတယ် သာဓု သာဓု သာဓုပါ ညီမလေး”လို့ မှတ်ချက်ပေးခဲ့တဲ့အပြင် Facebook အသုံးပြုသူအမြောက်အများက သူမအတွက်ဂုဏ်ယူကြောင်းနဲ့ သူမရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို ချီးကျူးစကားဆိုရင်း မျှဝေ ထောက်ခံပေးခဲ့ကြပါတယ်။ ဒါ့အပြင် သူမလုပ်ရပ်ကို ဂုဏ်ပြုတဲ့ PDC ကလည်း သူမ သင်တန်းတက်နိုင်ဖို့အတွက် သင်တန်းကြေး စင်ကာပူဒေါ်လာ ၃၀၀ ဆုချပေးခဲ့ပါသေးတယ်။
လရိပ်ချိုကိုယ်တိုင်ကလည်း “ဒီနေ့ ကိုယ့်ဘာသာတွေးနေမိတယ်။ သူများဆီက နည်းအမျိုးမျိုးနဲ့လိမ်စားနေတဲ့သူတွေ ဘယ်လိုစိတ်နဲ့များ ဖြတ်သန်းနေလဲပေါ့။ ကိုယ်မှာ ဒေါ်လာ $4000 နီးပါး မြန်မာငွေသိန်းတစ်ရာကျော် ကောက်ရတာတောင် မပျော်နိုင်ဘူး။ ပိုင်ရှင်လက်ထဲ မရောက်မချင်း လိပ်ပြာမလုံသလို့ခံစားရတယ်။ သူများချွေးနည်းစာတွေ ငါ လက်ထဲမှာ။
ကိုယ်တိုင်ငွေရှာနေရတော့ ငွေရဲ့တန်ဖိုးကိုသိတယ်။ သူဘယ်လောက် နှမြောနေမလဲပေါ့။ ပြန်ပေးပြီးမှပဲ စိတ်အေးရတယ်။ ဒီနေ့အဖြစ်အပျက်က ကိုယ်တိုင်သံဝေဂယူမိတာက ကိုယ့်ချွေးနည်းစာမဟုတ်တဲ့ သူများငွေတွေ ကိုင်ထားရတာ ပူလောင်ရတယ်။ ကောင်းမွန်တဲ့အရာကို ကိုယ်တိုင်လုပ်နိုင်ခဲ့မှပဲ အေးချမ်းသွားရတယ်။ လောဘရှိပေမယ့် မတော်လောဘမကြီးတဲ့
ကိုယ့်ကိုယ်ကို Proud ဖြစ်မိတယ်”လို့ သူမရဲ့ ကုသိုလ်ကို မျှဝေခဲ့ပါသေးတယ်။
Ref & Photo TOC & လရိပ်ချို