October 23, 2024

၁၄. ၁ . ၂၀၂၃
Written By Thandar

လေးပွင့်ဆိုင် ချစ်ခြင်းမေတ္တာ ဇာတ်လမ်းပုံစံ “ရင်ခုန်သံ FM” ဇာတ်လမ်းတွဲကန်တော့ပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ မဟာဝိဇယဘုရားရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ဇာတ်ညွှန်းပေါ်မူတည်ပြီးတော့ ကာရိုက်တာကို ပုံဖော်ပါတယ်။ အရင် Actor တွေရော၊ အသစ်တွေကိုလည်း တွဲခေါ်တယ်။ ပေါ့ပေါ့ပါးပါး Romance Comedy လေးပေါ့။ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့ ။ သူတို့ လေးယောက်ရဲ့ လုပ်ငန်းခွင်မှာ တွေ့ကြုံရမယ့် အခက်အခဲလေးတွေ ရှိမယ်။ သူငယ်ချင်း သံယောဇဥ်တွေ၊ မိဘတွေရဲ့ မေတ္တာတွေနဲ့ ဖန်တီးထားပါတယ် ။ အပြင်မှာ Ro ကြတာ အဆင်ပြေပေမယ့် ဇာတ်ဝင်ခန်းထဲမှာ Ro ဖို့က အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့။ ကျွန်တော်ရွေးချယ်လိုက်တဲ့ Romance Comedy ရောက နည်းနည်းခက်တဲ့အရာပါ တော်တော်ကြိုးစားထားပါတယ် ”လို့ ဒါရိုက်တာ ဝေယံဖေက ပြောပါ တယ်။

ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ညမွှေးပန်းက ရေးသားပြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ အောင်မင်းခန့် ၊ လီလီကျော်ခိုင်၊ ဗညားဘုန်းပြည့်၊ မေသစ်လွင်(Wyne Wyne)၊ ရန်ရန်း ၊ မေဘရမီ စတဲ့အနုပညာရှင်တွေနဲ့ ဒါရိုက်တာ ဝေယံဖေက ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ရင်ခုန်သံ FM ဇာတ်လမ်းတွဲမှာ အပိုင်း ၁၂ပိုင်း ပါဝင်ပြီး မေလနဲ့ ဇွန်လအတွင်းမှာ Channel K ရုပ်သံလိုင်းကနေ ပြသသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ပွဲဦးထွက်ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် အားပေးမှုရမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလည်း ကြိုးစားသွားမယ်။ ဒီဇာတ်လမ်းတွဲလေးကို ရိုက်ကူးရတာကလည်း ပရိသတ်တွေကို ပျော်စေချင်တယ်။ နောက်ပိုင်းလည်း ပိုပြီး ရသစုံလင်တဲ့ ရုပ်ရှင်မျိုးစုံကိုလည်း ကျွန်တော်တို့ရဲ့  AGE Creative ကနေ တင်ဆက်သွားပါ့မယ်။ ဒီထပ်မက ဖန်တီးမှု အသစ်အသစ်တွေကို အကောင်းဆုံး ပရိသတ်ရှေ့မှောက်ကို အရောက်ပို့ပေးသွားပါ့မယ်။ ကျွန်တော့်ကြိုးစားမှုတွေကို အသိအမှတ်ပြု အားပေးကြပါဦး” လို့ AGE Creative Executive Producer ကိုခန့်ညားလွင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *