
၃.၂.၂၀၂၅
Written By Thandar
Horror ဇာတ်လမ်းပုံစံ “ပေါ့ရိုင်” ဇာတ်ကား ကန်တော့ပွဲခြင်းနဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အောင်မြေနဲ့ Morning Star စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။


“ပေါ့ရိုင် ဆိုတာက ပေါ့ဆိုတာက ထိုင်းလို့အဖေလို့ခေါ်တာပါနော်။ ရိုင်ဆိုတာက အကြီးစားတွေကဆို လိုတာပေါ့နော်။ ပေါ့ရိုင်ဆိုတာက အဖနတ်လို့ နတ်ကိုမှအကြီးစားပေါ့နော်။ အဖေကြီးနတ်လိုမျိုးလေး နာမည်က သက်ရောက်ပါတယ်။ ဆုထက်ကတော့ ဒီဇာတ်ကားမှာ ခပ်မာမာထန်ထန်အမျိုးသမီး တစ်ယောက်နေရာက ပါဝင်ရမှာပါ။ သရဲကားပုံစံကိုမှ ဇာတ်လမ်း ဇာတ်အိမ်လေးလည်း ဆန်းတယ်ပေါ့နော်။ ရိုက်ကူးနေကြ ဇာတ်လမ်း ဇာတ်အိမ်မဟုတ်လို့ ကိုယ်တိုင်လည်း သဘောကျလို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ဆုထက်ကို အမြဲတမ်း သဘောကောင်းတဲ့ အမျိုးသမီး၊ အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်လိုပဲ မြင်တွေ့နေရတာမို့လေ။ တက်သစ်စ သရုပ်ဆောင်သစ်တွေ လည်းပါတယ် ကျောင်းသားလေးပုံစံလေးတွေပါတယ်ဆိုတော့ ကိုယ်တိုင်သဘောကျလို့ လက်ခံရိုက်ကူးဖြစ်တာပါ” လို့ သရုပ်ဆောင် ဆုထက်ကုဋေက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ၊ ဒါရိုက်တာ ဇော်လင်းထက်က သရုပ်ဆောင်တွေဖြစ်တဲ့ ရဲလွင်ဦး၊ နေရှိုင်း၊ ယမုံမြင့်မြတ်၊ ဆုထက်ကုဋေ၊ နှင်းအိဝင့်ဝါ၊ ဇင်သူအောင်၊ ဇေကြီး (ISN)၊ကျော့ကေသရ၊ အိမ့်ဖူးကြယ်စင်အပြင် အနုပညာရှင်များစွာနဲ့ ရန်ကုန်မှာ ဖေဖော်ဝါရီ ၄ ရက်ကနေ စတင်ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။