




၂.၂. ၂၀၂၅
Written by MMAK
မန်ယူ Vs ပဲလေ့စ်
နောက်ဆုံးသုံးပွဲဆက် အနိုင်ရထားတဲ့ မန်ယူအသင်းအနေနဲ့ ခြေစွမ်းအရမ်းကောင်းလာတာမျိုးမဟုတ်ပေမဲ့ အနိုင်ရသင့်တဲ့ပွဲကို အနိုင်ရအောင် ကစားလာနိုင်တာကို တွေ့ရပါတယ်။ ပဲလေ့စ်အသင်းမှာ တိုက်စစ်မှူးအဇီမပါနိုင်သလို အဝေးကွင်းသိပ်မကောင်းတာ ဖြစ်တဲ့အတွက် အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် ခံစစ်အားပြုကစားတတ်တာကြောင့် ပေးဂိုးနည်းနေတာကို တွေ့ရပါတယ်။ ဂိုးပေါင်းကြေးက သုံးလုံးသွင်းတာနဲ့ အပြည့်စားရမယ်ဆိုတဲ့ပေါက်ကြေးက ဂိုးပေါ်ခေါ်နေတဲ့ ပေါက်ကြေး ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ဂိုးပေါ်ဖြစ်နိုင်ခြေများသလို အာဆင်နယ်အသင်းနဲ့ မန်စီးတီးပွဲကလည်း ဂိုးပေါ်ဖြစ်နိုင်ခြေ များတဲ့အတွက် အခုပွဲမှာ ဂိုးပေါ်ဖြစ်သွားမယ်လို့ မထင်ပါဘူး။ ပထမအကျော့ကလို တစ်သင်းနဲ့တစ်သင်း ထိန်းကစားလာနိုင်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေအများကြီး မြင်ရမယ်လို့ မထင်ပါဘူး။ ပဲလေ့စ်အသင်း ဂိုးမရနိုင်ဘူးလို့ ယူဆထားသလို ခံစစ်ကောင်းတဲ့ ပဲလေ့စ်အသင်းကို မန်ယူအသင်းလည်း ဂိုးတွေအများကြီး သွင်းနိုင်မယ် မထင်ပါဘူး။ မန်ယူအသင်း နိုင်ခဲ့ရင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားပြီး မနိုင်ခဲ့ရင် ဂိုးမရနိုင်တဲ့ သရေပွဲ ဖြစ်သွားနိုင်တာကြောင့် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
ဘရန့်ဖို့ Vs စပါး
တန်းဆင်းဇုန်နဲ့ နီးကပ်လာတဲ့ စပါးအသင်းအနေနဲ့ အခုပွဲစဉ်မှာလည်း ဘရန့်ဖို့အသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာပါ။ တိုက်စစ်ကောင်းတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်တဲ့အတွက် ဂိုးပေါင်းကြေးက လေးလုံးသွင်းမှ အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးကို တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းရဲ့ အိမ်ကွင်းတိုက်စစ်က တစ်ပွဲကို နှစ်ဂိုးလောက်က အနိမ့်ဆုံးသွင်းထားနိုင်တာ တွေ့ရသလို စပါးအသင်းကလည်း တိုက်စစ်အသားပေးတဲ့ အသင်းဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိနေပြီး သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်ပါတယ်။ စပါးအသင်းက ရလဒ်ကောင်းဖို့ လိုအပ်နေသလို ဘရန့်ဖို့အသင်းကလည်း အိမ်ကွင်းပိုကောင်းတာ ဖြစ်တဲ့အတွက် တစ်သင်းသင်းက ဂိုးစသွင်းတာနဲ့ တိုက်စစ်အပြိုင်ဖွင့်ကစားလာနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။နှစ်သင်းလုံးက တိုက်စစ်အားသန်အသင်းတွေ ဖြစ်ကြသလို ခံစစ်ကလည်း ပေးဂိုးတွေ ခွင့်ပြုနေရတဲ့ အသင်းတွေဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
အာဆင်နယ် Vs မန်စီးတီး
ကြားရက်မှာ နှစ်သင်းလုံး ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ရတာချင်း တူပေမဲ့ အာဆင်နယ်အသင်းက သက်သောင့်သက်သာ ကစားခဲ့ရတာ ဖြစ်ပေမဲ့ မန်စီးတီးအသင်းကတော့ အားထည့်ကစားခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်မှာ တစ်လုံးငါးဆယ်စားပေးခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ အခုပွဲစဉ်မှာ ပြားငါးဆယ်အရှုံးလောက် မပေးနိုင်ရင်တောင် ဒဲ့အနေအထားလောက် ပေးရမှာ ဖြစ်ပေမဲ့ အာဆင်နယ်အသင်းက သရေအရှုံး ပြန်ပေါက်နေပါတယ်။ ဒါဟာ အာဆင်နယ်အသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ အာဆင်နယ်အသင်းက နှာတစ်ဖျားသာနေတယ်လို့ ပြောလို့ရသလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် အနိုင်ရနိုင်တဲ့အသင်းကို ရွေးရမယ်ဆိုရင် အာဆင်နယ်အသင်းကိုဘဲ ရွေးချယ်ရမှာပါ။ မန်စီးတီးအသင်းက ညာနောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဝေါ်ကာကို ထုတ်ရောင်းထားတာကြောင့် ညာနောက်ခံလူစစ်စစ် မရှိသလို ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အသစ်ခေါ်ထားတဲ့ ကစားသမားတွေကလည်း အထိုင်ကျဖို့ လိုအပ်နေသေးတာကြောင့် အားနည်းချက်တွေ ရှိနေပါတယ်။ ဒီပွဲစဉ်မှာတော့ ပေါက်ကြေးအရ အာဆင်နယ်အသင်းကိုဘဲ ရွေးချယ်ရမှာ ဖြစ်သလို လက်ရှိခြေစွမ်းအရဆိုရင်လည်း အိမ်ရှင်အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ရမှာပါ။
အေစီမီလန် Vs အင်တာမီလန်
မီလန်ဒါဘီ ပွဲစဉ်တစ်ခုဖြစ်ပြီး ဘောလုံးကွင်းတစ်ခုတည်းကို နှစ်သင်းလုံးအသုံးပြုနေတာကြောင့် အိမ်ကွင်း အဝေးကွင်း ခွဲခြားစရာ သိပ်မလိုပါဘူး။ ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသလို အနိုင်ရလဒ်ကိုဘဲ ဦးတည်ကစားတတ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရလေ့ရှိပါတယ်။ နောက်ဆုံးတွေ့ဆုံမှု လေးပွဲလုံး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ဖြစ်ထားပေမဲ့ အခုပွဲစဥ်မှာ ဂိုးပေါင်းကြေးက သုံးလုံးသွင်းတာနဲ့ အပြည့်နီးပါး စားရမယ်ဆိုတဲ့ ပေါက်ကြေးကို ဖွင့်ထားပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့တိုင်း ထိန်းကစားတယ်ဆိုတာ မတွေ့ရဘဲ အပြန်အလှန်တိုက်စစ်ဖွင့်ကစားတတ်တာကြောင့် သွင်းဂိုးတွေ မြင်တွေ့ရပါတယ်။ ဒီအတွက်ကြောင့် ဂိုးပေါင်းကြေးပျော့နေတာကို မစဥ်းစားတော့ပါဘူး။ အရင်ပွဲစဥ်တွေမှာဆိုရင်လည်း ဂိုးပေါင်းကြေးက အခုလိုပေါက်ကြေးမျိုးသာ ပေးခဲ့ပေမဲ့ ဂိုးပေါ်ခဲ့တာကို တွေ့ရပါတယ်။ အခုပွဲစဥ်မှာ ဂိုးပေါင်းကြေး အနည်းငယ်ပျော့နေပေမဲ့ ဂိုးပေါ်ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။
ဖရန့်ဖတ် Vs ဝုလ်ဘတ်
ဖရန့်ဖတ်အသင်းက ကြားရက်မှာ ယူရိုပါလိဂ်ပွဲ ကစားခဲ့ရတယ်ဆိုပေမဲ့ အမှတ်မလိုတာကြောင့် အားထည့်မကစားဘဲ ဒီပွဲကိုဘဲ အာရုံစိုက်ထားတာမျိုး တွေ့ရပါတယ်။ အဝေးကွင်းဝုလ်ဘတ်အသင်းက တိုက်စစ်အားသန်အသင်း တစ်သင်းဖြစ်သလို ခံစစ်ကလည်း ဂိုးပြန်ပေးတဲ့ အသင်းမျိုး ဖြစ်တာကြောင့် နောက်ဆုံးသုံးပွဲဆက် ဂိုးပေါ်ကစားထားပါတယ်။ ဂိုးပေါင်းကြေးက အနည်းငယ်ကျဆင်းလာတာကို တွေ့ရပေမဲ့ သုံးဂိုးသွင်းပြားအနည်းငယ်အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက သုံးဂိုးလောက်တော့ ဖြစ်နိုင်ပေမဲ့ လေးဂိုးလောက် မရောက်နိုင်ဘူးလို့ ယူဆထားပါတယ်။ သို့ပေမဲ့ နှစ်သင်းလုံးက တိုက်စစ်အသားပေး အသင်းတွေဖြစ်တာကြောင့် ဘွန်ဒက်လီဂါမှာ ဂိုးအများဆုံး သွင်းထားနိုင်တဲ့ အသင်းငါးသင်းထဲမှာ ပါဝင်ပါတယ်။ ဂျာမာန်ဘွန်ဒက်လီဂါဆိုတာ ဂိုးပေါ်အများဆုံး ဖြစ်လေ့ရှိသလို တိုက်စစ်အသားပေးအသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာကြောင့် သုံးဂိုးလောက် မြင်ရဖို့က မခက်ပါဘူး။ ဂိုးပေါင်းကြေး အနည်းငယ်ကျလာပေမဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့ သုံးဂိုးလောက်မြင်ရဖို့ မခက်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။