




၂.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
“အခုကတော့ ဘာကြောင့် မီးလောင်တယ်ဆိုတာကို စစ်ဆေးတုန်းပဲ ရှိသေးတယ်။ လူ ထိခိုက်တာမရှိဘူး” ဟု မီးလောင်ပြင်သို့သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက MT News ကို ပြောသည်။





အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က Level 1 မီးသတ်ယာဉ်အုပ်စု၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားချိန်မှာ နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကာ နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားပြီး မီးလောင်မှူ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ပုံစာ။ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီး ယနေ့နံနက် မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)