


၃၁.၁. ၂၀၂၅
Written by Thettant
တခဲရုနဲ့ မတ်လမှာ ထိုးသတ်မယ့်ပွဲအတွက် ဂျပန်စျေးကွက်ရှာဖို့ ကြံဆထားတဲ့ One ဟာ ဂျပန်ကစ်ဘောက်ဆင်ချန်ပီယံ မူဂါဆယ်တိုထက် အစစအရာရာနိမ့်တဲ့ အဲမွီနဲ့ တွေ့ပေးခဲ့သလို အဲမွီကလည်း ပထမအချီမှာတင် အမှတ်စဥ်နှစ်ကြိမ် မူဂါဆယ်တိုထက် အရေခံရလောက်အောင်ကို နိမ်ခဲ့တာပါ။
ဒီည ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ One 95 ပွဲမှာ အဲမွီဟာ ဂျပန်နိုင်ငံသား Muga Seto နဲ့ ထိုးသတ်ရပြီး Seto ဟာ ဂျပန်ကစ်ဘောက်ဆင်ချန်ပီယံဖြစ်တာရော၊ One ရဲ့ ဂျပန်စျေးကွက်မှာ တခဲရုနဲ့အတူ ထိုးဖောက်မယ့် ဖိုက်တာဖြစ်တာရော၊ One မှာ ထိုးသတ်ရတဲ့နှစ်ပွဲစလုံး အလဲထိုးအနိုင်ရထားတာရော၊ သူနိုင်ထားတဲ့အထဲ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းနိုင်ကို နှစ်ကျော့စလုံး အလဲထိုးထားတဲ့ ကာဗီလန်ဂျလေဗန်ကိုလည်း နိုင်ထားတာရောအပြင် One မှာ တစ်ပွဲရှုံး နှစ်ပွဲနိုင်ထားတဲ့ ၂၂ နှစ်သား အဲမွီထက် Seto က ၆ နှစ်ပဲကြီးပြီး အရပ်ကလည်း ပွဲချိန်အတွင်းဖော်ပြချက်အရ လေးလက်မပိုရှည်လို့ အတွေ့အကြုံနဲ့ ပညာ အစစအရာရာသာတဲ့ မူဂါဆယ်တိုဟာ အဲမွီကို ပထမအချီမှာ ကလေးလို ထိုးသွားတာပါ။ ပထမအချီတင် အဲမွီကလည်း အမှတ်စဥ်နှစ်ကြိမ်အရေခံရပြီး မူဂါဆယ်တို အလဲထိုးဖို့ကြိုးပမ်းချိန် အချိန်ပြည့်သွားတာက အဲမွီ ကံထူးတာပါ။
ပထမအချီ အဲမွီ တိုက်စစ်ဖွင့်ချိန် မူဂါဆယ်တိုက ကလေးတစ်ယောက်လို ထိုးသတ်သွားပေမဲ့ အံ့သြစရာက ဒုတိယအချီမှာ အဲမွီကို မူဂါဆယ်တိုက အထင်သေးပြီး ဖွင့်ထိုးတာပါ။ ပထမအချီမှာ အဲမွီကို ပညာသာပြီး အထိနာအောင် ထိုးပြနိုင်တဲ့ မူဂါဆယ်တိုဟာ ဒုတိယအချီအစတင် ပထမအချီမှာ နှစ်ကြိမ်အမှတ်စဥ်ရေခံထားရတဲ့ အဲမွီကို အပြိုင် ဖွင့်ထိုးချိန်မှာ အပြိုင်ထိပြီး အမှတ်စဥ်နှစ်ကြိမ်အရေခံထားရတဲ့ အဲမွီက မကျဘဲ မူဂါဆယ်တိုက အဲမွီရဲ့ ဝိုက်လက်သီးတစ်ချက်နဲ့တင် အလဲထိုးခံလိုက်ရပြီး ဒုတိယ ထွန်းမင်းနိုင်လို စင်ပေါ်တင်မူးလဲသွားတာကြောင့် အဲမွီက အလဲထိုး အနိုင်ရ ဘောနပ်ဆွတ်ခူးပြီး အဖွင့်လှသွားခဲ့တာ ပီတိဖြစ်စရာပါ။
မူဂါဆယ်တိုထက် အဲမွီနိမ့်တယ်လို့ တစ်လောကလုံးခံယူထားချိန်မှာ အဲမွီက မာဂုဏ်နဲ့ ဘာ်လက်သီးတစ်ချက်နဲ့ အလဲထိုးနိုင်၊ ဘတ် ၃၅၀၀၀၀ ဆုကြေးရတာဟာ စူပါရေချမ်းနဲ့ မိုးထက်အောင်အဖို့လည်း ပီတိနဲ့နိုင်ပွဲရှာဖို့ အားဖြစ်လာမှာ အသေအချာ…။