
၃၀. ၁. ၂၀၂၅
Written by Nay Moe
သုံးဘီးဆိုင်ကယ်ဖြင့် နေထိုင်ရာကျေးရွာသို့ ပြန်လာည့် မူလတန်းပြဆရာမအပါအဝင် ပြည်သူ ၄ ဦးကို PDF ၆ ဦးက လေးလောင်းပြိုင်သတ်ဖြတ်မှု မြင်းခြံမြို့နယ်၊ ငါ့နန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ငါ့နန်း ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာနေ ဦးမြတ်သူအောင်(၃၂)နှစ်၊ ဦးသိန်းထွေး(၃၀)နှစ်၊ ဒေါ်ကြူ(၅၀)နှစ်နှင့် ဆုံရွာကျေးရွာရှိ အခြေခံမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ မအိအိဖြိုး(၃၀)နှစ်တို့သည် ဆီမီးခုံကျေးရွာမှ ဆုံရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဆီမီးခုံ-ငါ့နန်း-ဆုံရွာကျေးရွာချင်းဆက် လမ်းမပေါ် ငါ့နန်းကျေးရွာအနီးအရောက် PDF ခြောက်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော် အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။