
၃၀.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော ကျွန်းသုံးကျွန်းပေါ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း နိုင်ငံခြားသား ၁၇ ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ကို ဥပဒေနဲ့မညီ အလုပ် လုပ်ကိုင်နေမှုနဲ့ တခြား လူဝင်မှုကြီးကြပ်ရေးပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီလို ကျွန်းသုံးကျွန်းပေါ်မှာ ဥပဒေနဲ့မညီသူတွေကို ဝင်ရောက်စီးနင်းရှာဖွေမှုတွေကို ဇန်နဝါရီလ ၂၈ ရက်ကစတင်ခဲ့တာလို့ သိရပြီး နိုင်ငံခြားသား ၁၇ ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ကို ဖမ်းမိခဲ့တာပါ။ နိုင်ငံခြားသားတွေက မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကလေးထိန်းကျောင်းတွေဖွင့်နေတာ၊ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတာ၊ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကျော်လွန်နေထိုင်တာနဲ့ တခြား လူဝင်မှုကြီးကြပ်ရေး ပြစ်မှုတွေနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ရဲမှူးကြီး နာရူဝတ် ဖွတ်တာဝီရိုက ပြောခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ နိုင်ငံခြားသား ၁၇ ဦးမှာမြန်မာနိုင်ငံသား ရှစ်ဦးပါဝင်နေတယ်လို့လည်း သိရပါတယ်။
တစ်နေရာစီဖမ်းမိခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးနဲ့ လာအိုနိုင်ငံသားတစ်ဦးတို့ကတော တစ်ဦးက ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာဖြစ်ပြီး နောက်တစ်ဦးကတော့ တရားမဝင် ဝင်ရောက်လာသူဖြစ်ပါတယ်။ သူတို့ကို ကော့စမွီကျွန်းမှာ သီးခြားစီ ဖမ်းမိခဲ့တာပါ။
ကော့ဖါငန်ကျွန်းပေါ်မှာတော့ နိုင်ငံခြားသား ၁၂ ဦးကိုဖမ်းမိခဲ့ပြီး ရုရှားနိုင်ငံသားငါးဦး၊ မြန်မာနိုင်ငံသား ငါးဦးနဲ့ ယူကရိန်းနိုင်ငံသားနှစ်ဦးဖြစ်ပါတယ်။ သူတို့ကိုခွင့်ပြုချက်မရဘဲ ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို ဖွင့်လှစ်နေမှု၊ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းဖွင့်လှစ်နေမှု၊ ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်မှုနဲ့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို ငှားရမ်းမှု စွဲချက်တွေနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။
ကော့တောင်းကျွန်းပေါ်မှာတော့ မြန်မာနိုင်ငံသားသုံးဦးကို ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေလို့ ဖမ်းဆီးမိခဲ့ပြီး ထိုင်းအလုပ်ရှင်တစ်ဦးကိုတော့ နေ့ကလေးထိန်းကျောင်းတစ်ခုကို ဥပဒေနဲ့မညီဖွင့်လှစ်နေပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ငှားရမ်းလုပ်ကိုင်နေလို့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Ref -Bangkok Post