MT News
Written by Nyein Kyaw
နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဆီဘောက်ဆာ နှစ်စီးနှင့် ခရီးသည်ယာဉ်တစ်စီးတိုက်မိ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်မှာ ဇန်နဝါရီ ၁၃ ရက် ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးအုပ်စု၊ မရင်းကြီးကျေးရွာ ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၃၇/၄) တွင် ဆီဘောက်ဆာယာဉ် ၂ စီးနှင့် Experss ယာဉ်တို့ တိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၁၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ရာ ညနေ ၆ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် ခရီးသည်တင်ယာဥ်မှပြည်သူများမှ ဘေးကင်းပြီး ဆီဘောက်ဆာယာဥ်မီးလောင်စတွင်ပင် အမြန်ဆင်းခဲ့နိုင်ကြောင်းနှင့် လခရများနှင့် မီးသတ်များက အခြေအနေကို အမြန်ဆုံးထိန်းခဲ့ကြောင်းလည်း ကူညီပေးခဲ့သူအရာထမ်းတစ်ဦးက အသိပေးထားသည်။