![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000014876-819x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000014874.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000014877.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000014875-819x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/1000014872-819x1024.jpg)
၂၉. ၁. ၂၀၂၅
Written by MMAK
မန်စီးတီး Vs ကလပ်ဘရုဂ်
ရှစ်မှတ်ရထားတဲ့ မန်စီးတီးအသင်းအနေနဲ့ အနိုင်ရမှ Play – off ကစားခွင့်ရမှာ ဖြစ်ပေမဲ့ ဆယ့်တစ်မှတ်ရထားတဲ့ ကလပ်ဘရုဂ်အသင်းကတော့ သရေကျရင်ကို နောက်တစ်ဆင့်တက်နိုင်ခြေ ရှိပါတယ်။ အိမ်ရှင်မန်စီးတီးအသင်းအနေနဲ့ နှစ်ဂိုးသွင်းရင် ပြားအနည်းငယ်ဘဲ စားရမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပေမဲ့ မန်စီးတီးအသင်းကိုပဲ ရွေးချယ်ရမှာပါ။ မန်စီးတီးလိုအသင်းကြီးတစ်သင်းက ကျန်ခဲ့မယ်လို့မထင်ဘဲ အိမ်ကွင်းဖြစ်နေတာကြောင့် နှစ်ဂိုးမပြတ်စရာ မရှိပါဘူး။ တစ်ဂိုးအနိုင်နဲ့ ထိန်းသွားလို့ရတယ်ဆိုပေမဲ့ မတော်တဆ သရေကျခဲ့ရင် ကျန်ခဲ့မှာ ဖြစ်တဲ့အတွက် အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက်ထိ သွင်းထားမှ စိတ်ချရတဲ့ အနေအထားကို ပိုင်ဆိုင်မှာပါ။ ဒီပွဲစဥ်မှာတော့ သေချာပေါက် အနိုင်ရမှ နောက်တစ်ဆင့်တက်ရောက်နိုင်မဲ့ မန်စီးတီးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
PSV Vs လီဗာပူး
ခုနစ်ပွဲလုံးအနိုင်ရထားပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးအသင်းအနေနဲ့ အမှတ်မလိုတော့ပါဘူး။ နယ်သာလန်နိုင်ငံကို သွားကစားရမဲ့ အဝေးကွင်းပွဲက အရေးမကြီးတဲ့အတွက် အဓိကကစားသမားတွေကို ခေါ်ဆောင်သွားခြင်းမရှိဘဲ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကိုသာ ခေါ်ဆောင်သွားပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင် PSV အသင်းက အထက်ကြေးပြန်ပေါက်နေပြီး ပြားအနည်းငယ်ပေးထားပါတယ်။ ဆယ့်တစ်မှတ်ရထားတဲ့ PSV အသင်းအနေနဲ့ သရေတစ်မှတ်ရရင်တောင် နောက်တစ်ဆင့်တက်မှာ ဖြစ်တဲ့အပြင် လီဗာပူးအသင်းကို နိုင်အောင်ကန်နိုင်ပါ့မလားဆိုတာ စဥ်းစားရမှာပါ။ ကြေးအရမ်းအောင်နေပြီး ထိုးသားအများစု အကြိုက်တွေ့နေတဲ့ လီဗာပူးအသင်းကို မကြိုက်ပါဘူး။ ရှုံးသွားရင်တောင် လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းပြချက် ပေးလို့ရပါတယ်။ ဒီပွဲမှာတော့ လီဗာပူးအသင်းကို ဆန့်ကျင်ရမှာဖြစ်ပြီး အိမ်ရှင် PSV အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
ဂျီရိုနာ Vs အာဆင်နယ်
သုံးမှတ်ဘဲ ရထားတဲ့ အိမ်ရှင်ဂျီရိုနာအသင်းက နောက်တစ်ဆင့်တက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဂုဏ်သိက္ခာအရ ယှဥ်ပြိုင်ကစားမှာပါ။ ဆယ့်ခြောက်မှတ်ရထားတဲ့ အာဆင်နယ်အသင်းကလည်း ထိပ်ဆုံးရှစ်သင်းနေရာကနေ နောက်တစ်ဆင့်တက်ဖို့ လုံလောက်တဲ့ အမှတ်မျိုးကို ရရှိထားတဲ့အတွက် ဒီပွဲကို အားထည့်ကစားလာမှာ မဟုတ်ဘဲ နောက်ပွဲမှာ ကစားရမဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဥ်က ပိုအရေးကြီးပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် အရေးမကြီးတဲ့အတွက် ဂိုးပေါင်းကြေးက သိသိသာသာ ပျော့နေပါတယ်။ သုံးလုံးသွင်းရင် အပြည့်နီးပါးစားရမဲ့ ဂိုးပေါင်းကြေး ဂိုးပေါ်ခေါ်ကြေးဖြစ်ပြီး ဒီလိုကြေးတွေက ဂိုးအောက်သာ အဖြစ်များပါတယ်။ အာဆင်နယ်ခံစစ်ကို ဂျီရိုနာအသင်း ဂိုးရဖို့မလွယ်သလို နှစ်သင်းလုံး ဘောလုံးကိုင်ကစားတတ်တာကြောင့် တစ်သင်းက ဘောလုံးကိုင်ထားရင် တစ်သင်းကပိတ်ကစားလိုက် တစ်ဖက်ကဘောလုံးကိုင်ရင် တစ်ဖက်က ပိတ်ကစားလိုက်နဲ့ အချိန်ကုန်မဲ့ပွဲပါ။ ဒီပွဲက ပေါက်ကြေးအရ ဂိုးအောက်ဖြစ်နိုင်ခြေ များနေပြီး အမှတ်ရရှိထားမှု အခြေအနေအရနဲ့ ခြေစွမ်းအရကလည်း ဂိုးအောက်ကိုပဲ ဦးတည်နေတာကြောင့် ဒီညအတွက် အကြိုက်ဆုံး ဂိုးအောက်ပွဲစဥ် ဖြစ်ပါတယ်။
အက်စတွန်ဗီလာ Vs ဆဲလ်တစ်
တစ်ဆယ့်သုံးမှတ်ရထားတဲ့ ဗီလာအသင်းအနေနဲ့ ဒီပွဲနိုင်မယ်ဆိုရင် ထိပိဆုံးရှစ်သင်းနေရာကို ဝင်ရောက်ခွင့်ရမှာ ဖြစ်ပေမဲ့ တစ်ဆယ့်နှစ်မှတ်ရထားတဲ့ ဆဲလ်တစ်အသင်းကတော့ အနိုင်ရမယ်ဆိုရင်တောင် ထိပ်ဆုံးရှစ်သင်းနေရာကို ရဖို့မသေချာပါဘူး။ ဆဲလ်တစ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို နည်းပြကလည်း ဝါရင့်နည်းပြ ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ တစ်လုံးသရေပေးထားတဲ့ ဗီလာအသင်းအနေနဲ့ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တာကြောင့် နှစ်ဂိုးပြတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဗီလာအသင်းက အနိုင်ရဖို့ဦးတည်ကစားလာမှာ ဖြစ်ပေမဲ့ နှစ်ဂိုးပြတ်မယ်လို့မထင်ဘဲ ဒီပွဲမှာ ဆဲလ်တစ်အသင်း ဂိုးရသွားနိုင်တယ်လို့ ယူဆထားပါတယ်။ ဆဲလ်တစ်အသင်းသာ တစ်ဂိုးရသွားရင် ဗီလာအသင်းက သုံးဂိုးသွင်းမှ ကြေးစားရမှာ ဖြစ်တဲ့အတွက် ဗီလာဘော်ဒီကို မကြိုက်ပါဘူး။ ဗီလာအသင်းနိုင်ခဲ့ရင်လည်း တစ်ဂိုးအသာနဲ့ ကပ်နိုင်ပြီး နှစ်ဂိုးမပြတ်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဆဲလ်တစ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
ဒိုင်နမိုဇာဂရက် Vs အေစီမီလန်
ရှစ်မှတ်ရထားတဲ့ ဇာဂရက်အသင်းအနေနဲ့ ဒီပွဲနိုင်ရင် Play – off ကစားခွင့်ရဖို့ အခွင့်အရေးရှိနေသေးတာကြောင့် သေချာပေါက် အနိုင်ကစားရမှာ ဖြစ်ပါတယ်။ တစ်ဆယ့်ငါးမှတ်ရထားတဲ့ အေစီမီလန်အသင်းကတော့ သရေကျရင်ကို ထိပ်ဆုံးရှစ်သင်းနေရာ ဝင်ရောက်ခွင့်ရမှာ ဖြစ်တဲ့အတွက် အဝေးကွင်းကနေ နှစ်ဂိုးပြတ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်လုံးသွင်းရင်တောင် ပြားအနည်းငယ်ရှုံးမှာ ဖြစ်တဲ့အပြင် အိမ်ရှင်ဇာဂရက်အသင်းက လုံးဝအနိုင်ရမှ နောက်တစ်ဆင့်ကစားရမဲ့ အခြေအနေမှာ ဇာဂရက်အသင်း သေချာ ပေါက် ဂိုးရဖို့များပါတယ်။ အိမ်ရှင်ဇာဂရက်အသင်းသာ တစ်ဂိုးရသွားရင် အေစီမီလန်အသင်း သုံးဂိုးပြန်သွင်းမှ ကြေးစားရမှာ ဖြစ်တဲ့အတွက် အဝေးကွင်းအေစီမီလန်ကို မကြိုက်ပါဘူး။ အေစီမီလန်အသင်းက သရေကျရင်တောင် ထိပ်ဆုံးရှစ်သင်းနေရာကို ရရှိမှာ ဖြစ်တဲ့အတွက် အနိုင်မရရင်လည်း ဘာမှမဖြစ်ပါဘူး။ ဇာဂရက်အသင်းက သေချာပေါက် အနိုင်ရဖို့ လိုအပ်နေသလို အိမ်ကွင်းလည်းဖြစ်နေတာကြောင့် သေချာ ပေါက် ဂိုးရနိုင်ပြီး အေစီမီလန်အသင်း နှစ်ဂိုးပြတ်ဖို့ မလွယ်တာကြောင့် အကြိုက်ဆုံး အောက်အသင်းရွေးချယ်မှုအဖြစ် ဇာဂရက်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
စပို့တင်း Vs ဘိုလော့ညာ
ဆယ်မှတ်ရထားတဲ့ စပို့တင်းအသင်းအနေနဲ့ အနိုင်ရမှ Play – off ကစားခွင့်ရဖို့ သေချာသလောက်ရှိမှာပါ။ ဘိုလော့ညာအသင်းကတော့ ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားရမှာ ဖြစ်တဲ့အတွက် အဓိက ကစားသမားတွေကို ပွဲထွက်ကစားခိုင်းဖို့ မသေချာပါဘူး။ နောက်တစ်ချက်က ဘိုလော့ညာအသင်းရဲ့ တိုက်စစ်က ခုနစ်ပွဲမှာ သုံးဂိုးသာရခဲ့တဲ့အတွက် ဒီပွဲမှာလည်း တစ်ဂိုးရဖို့တောင် ခက်ခဲနိုင်သလို အရေးမကြီးတဲ့အတွက် ခံစစ်ပိတ်ကစားဖို့များပါတယ်။ စပို့တင်းအသင်းရဲ့ တစ်လုံးကို နှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက နိုင်ရင်လည်း တစ်ဂိုးအသာနဲ့ကပ်နိုင်သွားနိုင်ပြီး ဂိုးတွေအများကြီး သွင်းသွားနိုင်တဲ့ ပေါက်ကြေးမဟုတ်ပါဘူး။ တိုက်စစ်ညံ့တဲ့ ဘိုလော့ညာအသင်းက တစ်ဂိုးရဖို့ ခက်ခဲမယ်လို့ ယူဆထားချိန်မှာ စပို့တင်းအသင်းရဲ့ ပေါက်ကြေးကလည်း ဂိုးများများသွင်းနိုင်တဲ့ အနေအထားမရှိတဲ့အတွက် ဂိုးပေါင်းအောက်ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ စီးရီးအေအသင်းတွေက ခံစစ်ကောင်းတဲ့အပြင် အမှတ်မလိုတဲ့ အဝေးကွင်းဘိုလော့ညာက ခံစစ်ပိတ်ကစားလာနိုင်တဲ့အတွက် သွင်းဂိုးတွေမြင်ရဖို့ ခက်ခဲနိုင်ပါတယ်။ သုံးဂိုးသွင်းရင်တောင် ပြားခြောက်ဆယ်ပဲ ရှုံးနိမ့်မှာဖြစ်တဲ့အတွက် လေးဂိုးရောက်ဖို့ မလွယ်ပါဘူး။ သုံးဂိုးရောက်ဖို့တောင် မလွယ်ကူတာဖြစ်တဲ့အတွက် ဂိုးပေါင်းအောက်ကို ရွေးချယ်ပေးချင်ပါတယ်။