
၂၉. ၁. ၂၀၂၅
Written by Nay Moe
ယနေ့ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို သရော်သည့် ဆန္ဒပြမှုကို ရန်ကုန်မြို့တွင် PDF လေးဖွဲ့စု၍ ယနေ့ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ လှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) နှင့် Mayangone Democratic Front – MDF ၊ Kyimyindaing Networks – KMD18 ၊ Linn Yaung Ni Youth Organization – LYNYO နှင့် Owl Community အပါအဝင် ရန်ကုန် PDF (၄)ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်သည်ဟု Owl Community က ထုတ်ပြန်သည်။
အဆိုပါ လှုပ်ရှားမှုသည် တရုတ်အစိုးရ၏ မြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ပါဝင်ခြယ်လှယ်နေခြင်း၊ တရုတ်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းဖြင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးဘက်မှ ရပ်တည်ပေးပါရန် တောင်းဆိုခြင်းများအတွက် “China Stop Your Hypocrisy”ဆိုသည့် လှုပ်ရှားမှုကို လုပ်ဆောင်ခြင်းလည်းဖြစ်သည်ဟု ဖော်ပြထားသည်။