![photo_2025-01-29_14-35-51](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-35-51.jpg)
ပုံစာ။ NLD အမတ်နှင့် ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦးတို့အုပ်စု၏ အမျိုးသမီးလေးဦးအပေါ် မုဒိမ်းကျင့်မှုနှင့်ဆက်စပ်သည့်ဖြစ်စဉ်များနှင့် တိုင်စာများ (Ref & Photo HI သတင်းဌာန၊ ဧရာဝတီသတင်းဌာန)
ဖော်ထုတ်ရန်ကြိုးပမ်းသူများကို သတ်ဖြတ်ရန် ခြိမ်းခြောက်ကြပြီး NUG ကလည်း PDF များ၏ မုဒိမ်းမှုကို ယခင်အတိုင်း မသိကျိုးကျွံပြုပေးနေ
၂၉. ၁. ၂၀၂၅
Written by Nay Moe
NLD ပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် NUG လက်အောက်ခံ ကန့်ဘလူပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင်မြင့်ဇော်ဦး (ခ) မဲခေါင်တို့ PDF အုပ်စုက ဖမ်းဆီးထားသည့် ဆယ်တန်းကျောင်းသူ၊ Non CDM ကျန်းမာရေးဝန်ထမ်းနှင့် အခြားအချုပ်သူအမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြမှုဖြစ်ပွားခဲ့သည်ဟု NLD၊ NUG နှင့် PDF တို့ကို ထောက်ခံသည့် မီဒီယာများက ဖော်ထုတ်ရေးသားလာကြသည်။
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-35-51-1-905x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-35-58-848x1024.jpg)
ကန့်ဘလူ PDF အုပ်စု၏ အမျိုးသမီးလေးဦးကို မုဒိမ်းကျင့်ကာ လိင်အကြမ်းဖက်သည့်ဖြစ်စဉ်ကို HI သတင်းဌာနက ဖော်ပြခဲ့သည်ကို ဧရာ၀တီသတင်းဌာနက “NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု”ခေါင်းစဉ်ဖြင့် ထပ်ဆင့် ဖော်ပြခဲ့သလို၊ ခေတ်သစ်သတင်းဌာနက “ကန့်ဘလူတွင် ပအဖအဖွဲ့ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁ နှစ်ကျော် ကြာသော်လည်း အရေးယူမှု မရှိသေး” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-03.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-05-550x1024.jpg)
အဆိုပါ NLD၊ NUG နှင့် PDF တို့ကို ထောက်ခံသည့် Exile မီဒီယာများ၏ ရေးသားမှုအရ NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦး (ခ) မဲခေါင်က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအတွင်း သောက်စားမူးရူးပြီးချိန်များတွင် Non – CDM ကျန်းမာရေးဝန်ထမ်းဖြစ်သဖြင့် ဖမ်းဆီးခံထားရသူ အမည်လွှဲ မဝင်းဝင်းအမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ၃ ကြိမ်အထက် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ကန့်ဘလူ အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန်က တစ်လင်တစ်မယားဥပဒေဖြင့် အချုပ်ကျနေသူ မဝေဝေ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးကို မုဒိမ်းကျင့်ကာ ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်နှင့်ပတ်သက်ပြီး မသင်္ကာမှုနှင့် ဖမ်းဆီးခံရသည့် ၁၀ တန်းကျောင်းသူ မရတနာ (အမည်လွှဲ) ကိုလည်း ပလဖအဖွဲ့ဝင် အာကာဆိုသူက အတင်းအဓမ္မ ကာမရယူ မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန်နေရာ အစားဝင်ရောက်သည့် စခန်းမှူး အောင်ဇေယျကလည်း တစ်လင်တစ်မယားဥပဒေဖြင့် ဖမ်းဆီးခံရသူ မချိုချိုဆိုသည့် အမျိုးသမီးကို သူမခင်ပွန်းရှေ့တွင်ပင် မချိုချို၏ မိန်းမကိုယ်နှင့် ရင်သားကို ကိုင်တွယ်ခဲ့သလို အောင်ဇေယျက သူ၏ လိင်အင်္ဂါကိုလည်း ကိုင်ခိုင်းခဲ့ကြောင်း၊ ထို့အပြင် နောက်တစ်ကြိမ်တွင်လည်း မေးစရာရှိလို့ဆိုကာ အခန်းထဲခေါ် မုဒိမ်းကျင့်ခဲ့သလို “လည်လှီးလိုက်မယ်၊ ပစ်သတ်လိုက်မယ်” ဆိုကာ ခြိမ်းခြောက်မှုများလည်း ပြုလုပ်ကြောင်း သိရသည်။
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-00.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-01-1024x847.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-04-2-755x1024.jpg)
![](https://www.mtnewstoday.com/wp-content/uploads/2025/01/photo_2025-01-29_14-36-04.jpg)
မုဒိမ်းကောင်များဖြစ်သော NLD အမတ်ဖြစ်ခဲ့သူ မြင့်ဇော်ဦး (ခ) မဲခေါင်သည် NLD အမတ်ဖြစ်ခဲ့သူ NUG ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ်တို့ အုပ်စုနှင့် ရင်းနှီးခြင်း၊ အမတ်ဖြစ်ခဲ့သောကြောင့် ဩဇာကြီး၍ အကြိမ်ကြိမ်တိုင်ကြားသော်လည်း အရေးမယူကြောင်း၊ အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန်က မဝေဝေကို မုဒိမ်းကျင့်မှု ဖော်ထုတ်ရန်ကြိုးပမ်းသူ ပလဖစခန်း၏ ဒုရဲအုပ် ရှိုင်းဇာနည်ဆိုသည့် အမျိုးသမီးကိုလည်း ဖိအားပေးခြိမ်းခြောက်မှုလုပ်ခဲ့ကြောင်း၊ အောင်ဇေယျမှာလည်း မြင့်ဇော်ဦး (ခ) မဲခေါင်၊ ရဲရင့် (ခ) လင်းယုန်တို့နှင့် ပုံမှန်ထက်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ အဆိုပါ မုဒိမ်းမှုဖြစ်စဉ်များအပေါ် NUG ၏ ဝန်ကြီးများက တစ်နှစ်ကျော်ကြာသည့်တိုင် အရေးတယူမရှိဘဲ ဖုံးကွယ်ထားကြောင်းလည်း Exile မီဒီယာများက ဖော်ပြကြသည်။
NUG က PDF များ၏ လူသတ်၊ မုဒိမ်းမှုများကို ယခင်ကလည်း မသိကျိုးကျွံပြု အရေးမယူခဲ့သည့်ဖြစ်စဉ်အများအပြားဖြစ်ပွားခဲ့ပြီး နာမည်ကျော်သည့် မုဒိမ်းမှုများမှာ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ကျေးရွာတစ်ခုမှ NUG ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးသည် အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် အမျိုးသမီး စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်မှု၊ ၂၀၂၃ ဧပြီလအတွင်း ရန်ကုန်မြို့မှ ဆောမြို့နယ်သို့ လာအလုပ်လုပ်သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့မှုနှင့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခအဖြစ်မှ NUG ကို ယုံကြည်သဖြင့် CDM လုပ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် အမျိုးသမီး၏ ငါးနှစ်အရွယ်သမီးငယ်ကို အိမ်နီးချင်းအဖြစ် နေထိုင်သည့် NLD ပါတီ၏ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်မှုခဲ့မှုများမှာ အထင်ကရဖြစ်ခဲ့ပြီး ထိုဖြစ်စဥ်သုံးခုမှ သက်ငယ်မုဒိမ်းနှင့် မုဒိမ်းတရားခံများကို ဖမ်းဆီးပြီးမှ ထွက်ပြေးလွတ်မြောက်သွားသည့်ခေါင်းစဥ်အောက်တွင် ပြန်လွှတ်ပေးသဖြင့် အဆိုပါ တရားခံများအားလုံးမှာလည်း လွတ်မြောက်နေသည်ဟု သိရသည်။