၂၈.၁.၂၀၂၅
Translated by Htwe Ko Tun
Air Busan လေကြောင်းလိုင်းမှရီးသည်တင်လေယာဉ်တစ်စီးက တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက် ပိုင်း ဘူဆန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက် ညပိုင်းက မီးလောင်ကျွမ်းခဲ့ရာ ခရီးသည်လေးဦးမှာ ဒဏ်ရာများရရှိခဲ့သော်လည်း ၎င်းတို့အားကယ်ဆယ်နိုင်ခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
မီးက ခရီးသည် ၁၆၉ ဦးနှင့် လေယာဉ်ဝန်ထမ်းခုနစ်ဦးတင်ဆောင်ထားသော အဲယားဘတ်စ် A321 လေ ယာဉ်၏ အမြီးပိုင်းမှစတင်၍ လောင်ကျွမ်းခဲ့ခြင်းဟု မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။ လေယာဉ်က ဘူဆန် မြို့၊ ဂင်ဟေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဟောင်ကောင်သို့သွားရန် စတင်မပျံသန်းမီ ဒေသစံတော်ချိန် ည ၁၀ နာရီ ၂၆ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဟုလည်း သိရသည်။
မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းရာသို့ ည ၁၀ နာရီ ၃၄ မိနစ်တွင် ရောက်ရှိလာခဲ့ကြပြီး ခရီးသည်များနှင် လေယာဉ်ဝန်ထမ်းအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြသည်။
ခရီးသည်လေးဦးမှာ ၎င်းတို့အား ကယ်ဆယ်စဉ် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းလည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
ဘူဆန်မြို့က ဆိုးလ်မြို၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၂၀ အကွာတွင်ရှိကာ ဆိုးလ်မြို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။
Ref- Yonhap News