၂၈.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ညီညွတ်ရေးလမ်းရှိ အိမ်ရှေ့တွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီ ၁၂ မိနစ်ခန့်က ရပ်ထားသော ပရိုဘောက်စ်ယာဥ်၏ နောက်ခန်းတွင် ဖယောင်းတိုင်ထွန်းရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၄ မိနစ်ကြာလောင်ကျွမ်းခဲ့ပြီး ကားအတွင်းရှိ ကူရှင်များနှင့် ကားနောက်ဘီး ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၅၁ နှစ်အရွယ် ယာဥ်မောင်း အမျိုးသား၏လက် မီးဟပ်ခံခဲ့ရကြောင်း သိရသည်။
“ဓာတ်လှေကားကို Service လုပ်ဖို့ ကားနောက်ခန်းထဲမှာ ထားတဲ့ ဓာတ်ဆီဘူးနားမှာ တရုတ်နှစ်သစ်ကူး အန္တရာယ်ကင်း ဖယောင်းတိုင် မီးပူဇော်ရာကနေ မီးစလောင်တာ။ ယာဥ်မောင်းကတော့ လက်မီးဟပ်ခံရတယ်။ အသက်အန္တရယ် စိုးရိမ်စရာတော့ မရှိပါဘူး “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
ကားမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန် ၁၅ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၂၆မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ယာဥ်မောင်းအမျိုးသားကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။