၂၇.၁.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်တွေရဲ့ Rehearsal လေ့ ကျင့်မှုတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်ခန်းမမှာ လုပ်ဆောင်နေကြပါတယ်။
“ရွှေကြိုအနေနဲ့ နောက်ဆုံးအဆင့်အထိ ရွေးချယ်ခံရလို့ တကယ့်ကို ဝမ်းသာပီတိလည်းဖြစ်ပါတယ်။ ကျွန်တော့်ကို အိမ်ကဆွေမျိုးတွေရော ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်းကအစ ရွှေကြိုပါတော့ ပျော်နေကြတာပါ။ တကယ်တော့ ကျွန်တော်က ဝမ်းနည်းလို့မျက်ရည်ကျခဲ့တာမဟုတ်ပါဘူး။ ဒီလို နေရာတစ်ခုကို ကိုယ့်ဒူးကိုယ်ချွန်ပြီး ရောက်လာတာမို့ ပျော်လို့ ဝမ်းသာမျက်ရည်ကျမိခဲ့တာပါ။ ရှေ့ဆက်ပြီးလည်း အကောင်းဆုံး ကြိုးစားသွားပါမယ်”လို့ ရွှေကြို အောင်သူဆန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အကယ်ဒမီပေးပွဲမှာ ရွှေကြိုရွေးချယ်ခံခဲ့ရတဲ့ ရွှေကြိုမောင်/မယ်တွေ အယောက် ၄၀ တို့က ဇန်နဝါရီ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ဆက်တိုက် Rehearsal လေ့ကျင့်မှုကို အားသွန်ခွန်စိုက် လုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။
ရွှေကြိုမောင် အမျိုးသားတွေကတော့ ပီမန်း၊ ယံသက်ခ၊ အောင်သူဆန်း၊ ဩနေသိမ်၊ စွမ်းဘုန်းတေဇ၊ မဂ္ဂ၊ စပ်ဝဏ္ဏကျော်စွာ၊ သျှိုင်းမာန်၊ ဘုန်းမြတ်မောင်၊ အောင်မြင့်မြတ်၊ ကောင်းခန့်၊ ဉာဏ်မင်းဆက်၊ နန်းဦးလှိုင်၊ လျန်းထက်အောင်၊ ပြည့်စုံ၊ သူရိန်၊ ကိုကိုကျော်၊ အောင်သီဟ၊ ဘုန်းဟိန်း၊ ဖြိုးဟန်ကျော်တို့ ဖြစ်ပါတယ်။
ရွှေကြိုမယ် အမျိုးသမီးတွေအနေနဲ့ ဆုကျော့ခိုင်၊ သော်တာလှိုင်ထွန်း၊ ချစ်မမမိုး၊ သဒ္ဒါနန်းထိုက်၊ ထံထျာလင်း၊ ဝိုင်းပြည့်ပြည့်စန်းလွင်၊ မေမီလင်း၊ မီကိုခန့်၊ ကြည်ဇေယျရှင်၊ ကေဇင်ခန့်၊ ဆုစန္ဒီမိုး၊ ကေကေဖြိုး၊ ကြယ်စင်သန့်၊ စီလာဝင်း၊ လင်းဝသန်ဦး၊ ဩမြတ်ခင်၊ ဖူးဖူးနန်းတော်၊ ရှင်းသီရိသူ၊ သင်းနန္ဒီဇော်၊ မိုကိုခန့်တို့ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ခံရသူ ရွှေကြိုမောင်မယ် အမျိုးသား ၂ဝဦးနဲ့ အမျိုးသမီး ၂၀ဦးတို့က လာမယ့် ဖေဖော်ဝါရီလ နေပြည်တော်မှာကျင်းပမယ့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဗန်းကိုင်အဖြစ် တက်ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။