၂၇.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံက စတင်တည်ထောင်တဲ့ DeepSeek ရဲ့ AI Assistant က ဇန်နဝါရီလ ၂၇ ရက်မှာတော့ ပြိုင်ဘက်ဖြစ်တဲ့ ChatGPT ကို ကျော်ဖြတ်ပြီးတော့ အမေရိကန်ပြည်ထောင်စု Apple ရဲ့ App Store မှာ အခမဲ့ရနိုင်တဲ့ ထိပ်တန်းအဆင့်သတ်မှတ်ခံရတဲ့ အက်ပလီကေးရှင်းဖြစ်လာတယ်လို့ သိရပါတယ်။
သူ့ကိုစတင် တီထွင်ဖန်တီးသူတွေက Open-source models လို့ခေါ်တဲ့ မူရင်းရင်းမြစ်ကို လူသိရှင်ကြား ထုတ်ပြတဲ့ ဆောဖ်ဝဲလ်တွေနဲ့ Close-source models ဆိုတဲ့ လုပ်ငန်းကိစ္စရပ်မှာ ပိတ်ဆို့ထားတဲ့ ပြိုင်ဘက်ဆော့ဖ်ဝဲလ်တွေအကြား နည်းပညာအမြင့်ဆုံး ဉာဏ်ရည်တု အက်ပလီကေးရှင်းလို့ ပြောကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ စထွက်လာတဲ့ ဇန်နဝါရီ ၁၀ ရက်ကစလို့ အသုံးပြုသူတွေအကြား ရေပန်းစားမှုမြင့်တက်လာတာဖြစ်တယ်လို့ အက်ပလီကေးရှင်း လေ့လာရေး Densor Tower ကုမ္ပဏီက ပြောပါတယ်။
အဆိုပါအောင်မြင်မှုသမိုင်းမှတ်တိုင်က Silicon Valley ခေါ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အလယ် ပိုင်းမှာတောင် DeepSeek အဖို့ လေးနက်တဲ့အထင်ကြီးမှုကို ရရှိချန်ထားနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက တရုတ်နိုင်ငံရဲ့ အဆင့်မြင့် ချစ်ပ်တွေနှင့် AI စွမ်းရည်တွေကို ပစ်မှတ်ထားတဲ့ ဝါရှင်တန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေရဲ့ ထိရောက်မှုကို အဆုံးသတ်စေနိုင်မလား ယူဆစရာပါပဲ။
ဂျိုးဘိုင်ဒန်အစိုးရက ကွန်ပျူတာချစ်စ် ပစ္စည်းတွေကို တရုတ်နိုင်ငံဆီ တင်ပို့နေတာကိုရပ်ခဲ့ပြီး ဉာဏ်ရည်တုနည်းပညာ ပုံစံတွေနဲ့ပတ်သက်လို့ တရုတ်ကုမ္ပဏီတွေကို လေ့ကျင့်ပေးနေတာကိုလည်း ရပ်တန့်မှုတွေ ၂၀၂၁ ခုနှစ်ထဲက စခဲ့တာပါ။ ဒါပေမယ့် DeepSeek ရဲ့ သုတေသနပြုသူတွေက ဒေါ်လာ ခြောက်သန်း အောက်အကုန်အကျခံပြီး DeepSeek-V3 အသုံးပြုတဲ့ Nvidia’s H800 ချစ်စ်တွေကို လေ့ကျင့်မှုအတွက် အသုံးပြုနိုင်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် လောက်ကစလို့ များစွာသော တရုတ်နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ဉာဏ်ရည် တု နည်းပညာပုံစံတွေကို ထုတ်လွှင့်ခဲ့ကြပေမယ် DeepSeek ကတော့ အမေရိကန်နည်းပညာနယ်ပယ်မှ ထိပ်တန်းနည်းပညာတွေဖြစ်တဲ့ အမေရိကန်မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်ထက် သာလွန်တယ်လို့ ပထမဆုံးသော ချီးကျူးခံရတဲ့ တရုတ် ကုမ္ပဏီဖြစ်လာပါတယ်။
Ref- Bangkok Post