၁၃. ၁. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု လက်ရှိဖြစ်ပွားနေပြီး Level- 3 အဆင့် မီးငြှိမ်းသတ်ယာဥ်များဖြင့် ငြှိမ်းသတ်နေရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ကနဦးသတင်းများအရ ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုကျေးရွာအုပ်၊ အမှတ် (၄) လမ်းမကြီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level- 2 အဆင့်ရှိ မီးသတ်ယာဥ်များကို အရင်စေလွှတ်ခဲ့ခြင်းဖြစ်ခဲ့ရာမှ မီးများသဖြင့် Level- 3 အဆင့် မီးသတ်ယာဥ်များကို ထပ်မံစေလွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“Grand Royal အရက်ချက်စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။ မီးအားလည်းပြင်းပြီး လေတိုက်နှုန်းများတဲ့အတွက် အပျက်အစီးများတယ်”ဟု ရွှေပြည်သာ အရန်မီးသတ်မှ ပြောကြားသည်။
လက်ရှိမီးလောင်နေသည့် စက်ရုံမှာ Grand Royal အရက်ချက်စက်ရုံဖြစ်ကြောင်း သိရှိရပြီး မီးလောင်ကျွမ်းမှုများသဖြင့် လက်ရှိအချိန်အထိ မီးငြိမ်းသတ်နေရသော်လည်း မည်သည့်ဖြစ်စဥ်ကြောင့် မီးလောင်ခဲ့ခြင်းကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ အသေးစိတ်သိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
”မီးကလောင်အား ကောင်းနေတုန်းပါပဲ။ လေက မီးသတ်နေတဲ့သူတွေဘက်ကို တိုက်နေတာပါ” ဟု အမှတ် (၄) ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်မှုကို Live လွှင့်နေစဥ် ပြောသည်။