၂၆.၁. ၂၀၂၅
Written by MMAK
◾ စပါး Vs လက်စတာ
တန်းဆင်းဇုန်နဲ့ နီးကပ်လာတဲ့ စပါးအသင်းအနေနဲ့
နိုင်ပွဲလိုအပ်နေပြီ ဖြစ်သလို ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲမရထားမှုကနေ ရုန်းထွက်ဖို့လိုအပ်နေပါတယ်။ လက်စတာအသင်းရဲ့ ခံစစ်က ပေးဂိုးတွေ တော်တော်များနေပြီး တစ်ပွဲကို နှစ်ဂိုးလောက်ခွင့်ပြုနေရတာကြောင့် ဒီပွဲမှာလည်း ဂိုးတွေပေးရဖို့ ရှိပါတယ်။ အိမ်ရှင်စပါးအသင်းရဲ့ ဘော်ဒီကြေးက တစ်လုံးသွင်းရင် ပြားအနည်းငယ် ရှုံးမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပေမဲ့ စပါးအသင်းမှာ အဓိကကစားသမားတွေ ကိုးယောက်လောက်ထိ ဒဏ်ရာရနေတာကို ထည့်တွက်ရမယ်ဆိုရင် ပေါက်ကြေးအနေအထားအရ မဆိုးဘူးလို့ သုံးသပ်ရမှာပါ။ စပါးအသင်းအနေနဲ့ နိုင်ပွဲရဖို့ လိုအပ်နေတာကြောင့် အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်သလို ဂိုးပြတ်အနိုင်ရသွားနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ပေါက်ကြေးက အနည်းငယ်ပျော့နေတယ်ဆိုပေမဲ့လည်း လက်စတာအသင်းရဲ့ ခြေစွမ်းက ပိုညံ့နေတာကြောင့် စပါးကွင်းမှာ သရေရလဒ်ရယူသွားနိုင်မယ်လို့ မထင်ပါဘူး။ ဒီပွဲမှာတော့ စပါးအသင်း နိုင်ပွဲပြန်ရချိန်တန်ပြီလို့ ယူဆထားတဲ့အတွက် စပါးဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ ပဲလေ့စ် Vs ဘရန့်ဖို့
ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက အတက်ဘက်ကိုရောက်နေချိန်ဖြစ်ပြီး တိုက်စစ်က ဂိုးရအောင်သွင်းတတ်သလို ခံစစ်ကလည်း ပေးဂိုးမရှိအောင် ကစားနိုင်တာကို တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းကတော့ အဝေးကွင်းတော်တော်လေး ညံ့တယ်လို့ ပြောရမှာဖြစ်ပြီး အဝေးကွင်းဆယ်ပွဲမှာ တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ ခုနစ်ပွဲအထိ ရှုံးထားတဲ့ ဘရန့်ဖို့အသင်းရဲ့ ခြေစွမ်းက အားရစရာ မကောင်းပါဘူး။ အိမ်ရှင်ပဲလေ့စ်အသင်းရဲ့ သရေအရှုံးဆိုတဲ့ ပေါက်ကြေးက အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေး တစ်ခုလို့ မြင်ယောင်နေပြီး ဂိုးပေါင်းကြေးမှာတော့ သုံးလုံးကို ပြားအနည်းငယ် စားရမယ်ဆိုတဲ့ ပေါက်ကြေးက ဂိုးပေါ်ခေါ်နေသလို ခံစားရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ပဲလေ့စ်အသင်း အနိုင်ရသွားပြီး ဂိုးပေါင်းကြေးကို ပြန်ထိန်းသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲရဲ့ ဂိုးပေါင်းကြေးမှာဆိုရင် ဂိုးပေါ်ခေါ်ထားတာကြောင့် အဝေးကွင်းဘရန့်ဖို့အသင်း ဂိုးရမှ ဂိုးပေါ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်း ဂိုးတွေရသွားရင် အောင်နိုင်ခြေရှိတဲ့ ပဲလေ့စ်ဘော်ဒီကိုပါ ရှုံးနိမ့်သွားမှာပါ။ ဒီအတွက်ကြောင့် ပဲလေ့စ်အသင်း အနိုင်ရသွားပြီး ဂိုးပေါင်းပြန်ထိန်းမယ်လို့ ယူဆထားတဲ့ အတွက် အိမ်ရှင်ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ အက်စတွန်ဗီလာ Vs ဝက်စ်ဟမ်း
ဝက်စ်ဟမ်းအသင်းမှာ အထောင်တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ အန်တိုနီယိုနဲ့ ဖူးကရက်တို့ ဒဏ်ရာရနေသလို တောင်ပံကစားသမား ဘိုဝင်လည်း မပါနိုင်သေးပါဘူး။ တောင်ပံကစားသမားတွေကို အထောင်တိုက်စစ်မှာ ထားကစားလာနိုင်တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဂိုးရဖို့ ခက်ခဲနိုင်ပြီး ရခဲ့ရင်လည်း တစ်ဂိုးထပ်မပိုပါဘူး။ ဗီလာအသင်းကတော့ ခြေမှန်နေတဲ့ အသင်းလို့ ပြောရမှာဖြစ်ပြီး ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရတာတောင် ဗီလာအသင်းရဲ့ ပေါက်ကြေးက တဖြည်းဖြည်း တက်လာနေတာကို တွေ့ရပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ပွဲစဥ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရတတ်သလို ဗီလာအသင်းက ဝက်ဟစ်မ်းအသင်းနဲ့တွေ့ရင် ဂိုးမြူးတတ်တဲ့ အချက်ကိုလည်း တွေ့ရပြန်ပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်က အားနည်း ချက်တွေ ရှိနေတာကြောင့် ဗီလာအသင်းသာ နှစ်ဂိုးလောက် သွင်းနိုင်ခဲ့ရင် ဝက်စ်ဟမ်းအသင်း နှစ်ဂိုးပြန်သွင်းနိုင်မယ်လို့ မထင်ပါဘူး။ တစ်ဂိုးသွင်းရင် ပြားအနည်းငယ် ရှုံးမှာ ဖြစ်ပေမဲ့ ဗီလာအသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ် ။ ဒီပွဲမှာလည်း အိမ်ရှင်ဗီလာအသင်းကိုပဲ ထပ်မံရွေးချယ်ပေးချင်ပါတယ်။
◾ဖူဟမ် Vs မန်ယူ
မန်ယူအသင်းရဲ့ ခြေစွမ်းနဲ့ရလဒ်က အားရစရာ မကောင်းသေးပေမဲ့ ရလဒ်ကောင်းဖို့ ကြိုးစားလာဦးမှာ ဖြစ်ပါတယ်။ ဖူဟမ်အသင်းက အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးတတ်တာကြောင့် ဒီပွဲမှာ အထက်ကြေးပေါက်နေတဲ့ ဖူဟမ်အသင်းကလည်း နိုင်ပွဲရလဒ်ကိုပဲ ဦးတည်ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ ဂိုးပေါင်းကြေးက သုံးလုံးသွင်းရင် အပြည့်နီးပါး စားရနိုင်တာကြောင့် ပေါက်ကြေးပျော့နေပေမဲ့ ဂိုးပေါင်းအပေါ်ကို အကြိုက်တွေ့နေပါတယ်။ ရလဒ်ကောင်းဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းနဲ့ အနိုင်ရလဒ်ကို ဦးတည်ကစားမဲ့ ဖူဟမ်အသင်းတို့ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ဘယ်အသင်းက ဂိုးစရရ တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့ ပွဲစဥ်ဖြစ်ပြီး ပထမပိုင်းတစ်ဂိုးလောက်ရခဲ့ရင်တောင် ဂိုးပေါ်နိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက် မြင်တွေ့ရနိုင်ပြီး အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်တာကြောင့် နောက်တစ်ဂိုး ထပ်မြင်ရဖို့ မခက်တော့ဘူးလို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးပျော့နေပေမဲ့ သုံးဂိုးလောက် မြင်ရနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾စိန့်ပေါ်လီ Vs ယူနီယံဘာလင်
ဂျာမာန်ဘွန်ဒက်လီဂါဆိုတဲ့ တိုက်စစ်ဖွင့်ကစားလေ့ရှိပြီး ဂိုးပေါ်တွေ အများဆုံး မြင်ရတဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီနှစ်သင်းကတော့ ခံစစ်အသားပေး အသင်းတွေ ဖြစ်နေကြပြီး တိုက်စစ်က တော်တော်လေးကို ညံ့ပါတယ်။ နှစ်သင်းလုံးက တစ်ပွဲတစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ ကစားနေရတဲ့ အသင်းတွေ ဖြစ်သလို တစ်သင်းသင်း ဂိုးစရရင်တောင် ကျန်တဲ့တစ်သင်းက ခံစစ်ပိတ်ကစားမယ်ဆိုတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဂျာမာန်ဘွန်ဒက်လီဂါမှာ တော်တော်လေးကို မြင်ရခဲတဲ့ ဂိုးပေါင်းကြေးလို့ ပြောရမှာ ဖြစ်ပြီး နှစ်ဂိုးသွင်းရင်တောင် ပြားအနည်းငယ်ဘဲ ရှုံးမယ်ဆိုတဲ့ ပေါက်ကြေးမျိုး တွေ့ရပါတယ်။ သွင်းဂိုးရရင် နှစ်ဂိုးထပ်မပိုဘူးလို့ သုံးသပ်ထားပြီး ဂိုးမရှိသရေတောင် ဖြစ်သွားနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်သွားနိုင်ပြီး ဒုတိယပိုင်း တစ်ဂိုးရခဲ့ရင် ဂိုးရတဲ့အသင်းက ခံစစ်ပိတ်ကစားပြီး ဒီအတိုင်းပွဲပြီးသွားနိုင်သလို ဂိုးထပ်ရခဲ့ရင်လည်း တစ်ဂိုးထပ်မပိုပါဘူး။ အများဆုံး နှစ်ဂိုးလောက်သာ တွေ့ရနိုင်တာကြောင့် ဒီပွဲစဥ်မှာတော့ ဂိုးအောက်တစ်မျိုးတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဘီဘာအို Vs လီဂါနက်
နောက်ထပ်ရွေးချယ်ပေးချင်တဲ့ ဂိုးအောက်တစ်ပွဲကတော့ ဘီဘာအိုပွဲ ဂိုးအောက်ဖြစ်ပါတယ်။ စပိန်လာလီဂါဆိုတာ ဇယားထိပ်ပိုင်းက အသင်းကြီးတွေလောက်သာ ဂိုးများများသွင်းနိုင်ပြီး ကျန်တဲ့ပွဲစဥ်တွေက ဂိုးအောက်တာများပါတယ်။ ဒီနှစ်သင်းလုံးက ခံစစ်ကောင်းတယ်ဆိုတဲ့ အသင်းတွေဖြစ်ပြီး သုံးဂိုးရောက်ဖို့ဆိုတာ တော်တော်လေး ဖြစ်နိုင်ခြေ နည်းပါတယ်။ လီဂါနက်အသင်းက ရှေ့ပွဲတွေမှာ ရမှတ်တွေ စုဆောင်းထားနိုင်တာကြောင့် အခုအဝေးကွင်းပွဲမှာ သူတို့လိုချင်တဲ့ ရမှတ်က သရေတစ်မှတ်တည်းပါပဲ။ ဘီဘာအိုအသင်းရဲ့ တစ်လုံးသွင်းရင် တစ်ဝက်လောက် ရှုံးနိမ့်မဲ့ ဘော်ဒီကြေးက အနည်းငယ် ပြင်းရှနေပေမဲ့ နိုင်ခဲ့ရင်လည်း တစ်ဂိုးနဲ့ ကပ်နိုင်သွားမဲ့ ပွဲစဥ်တစ်ပွဲသာ ဖြစ်ပါတယ်။ ဘီဘာအိုအသင်း အနိုင်ရခဲ့ရင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်သလို နှစ်ဂိုးပြတ် အနိုင်ရသွားမျိုးလည်း ဖြစ်သွားနိုင်ပေမဲ့ နှစ်ဂိုးထပ်ပိုပြီး မမြင်ရနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ သုံးဂိုးမရောက်နိုင်တဲ့အတွက်ကြောင့် ဂိုးအောက်ကစားသင့်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။