၂၅. ၁. ၂၀၂၅
Photo by Tha Doe
မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ် ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့က တရုတ်တန်းမှာ ဒီနေ့ညကစ ၇ ရက်ကြာ ကျင်းပနေပြီဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာ ဇန်နဝါရီ ၂၉ ရက်မှာ ကျရောက်မှာဖြစ်ပြီး လာမယ့်နှစ်သစ်က မြွေနှစ်ဖြစ်သလို တရုတ်တန်းက နှစ်သစ်ကူးစျေးပွဲတော်ကိုတော့ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာအစိုးရဟာ တရုတ်နှစ်သစ်ကူးနေ့ကို အခု ၂၀၂၅ ခုနှစ်ကစလို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်ကြေညာခဲ့သလို လက်ရှိကျင်းပနေတဲ့ နွေဦးပွဲဈေးမှာ ခြင်္သေ့အကနဲ့ နဂါးအကတွေ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းတွေ၊ အလှဓာတ်ပုံရိုက်ကူးနိုင်တဲ့ နေရာတွေနဲ့ ဈေးဆိုင်ခန်း အများအပြား ပါဝင်ပြီး နာမည်ကျော် ၁၉ လမ်းအပါအဝင် တရုတ်တန်းတစ်လျှောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။