၂၅. ၁. ၂၀၂၅
Written by MMAK
◾ လီဗာပူး Vs အစ်ဆွချ်
သုံးဂိုးသွင်းရင်တောင် အပြည့်မစားရသေးတဲ့ လီဗာပူးအသင်းရဲ့ ပေါက်ကြေးက အရမ်းကို ပြင်းရှနေပေမဲ့ ဂိုးပေါင်းကြေးကတော့ လေးလုံးသရေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ မန်စီးတီးအသင်းကို ခြောက်ဂိုးပြတ် ရှုံးခဲ့တဲ့ အစ်ဆွချ်အသင်းအနေနဲ့ အခုပွဲစဥ်မှာရော ဂိုးပြတ်ကြီး ထပ်ရှုံးမယ်လို့ မထင်ပါဘူး။ အစ်ဆွချ်အသင်းအနေနဲ့ လီဗာပူးကွင်းမှာ ဂိုးမပေးရဖို့အတွက် ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားလာနိုင်ပါတယ်။ လီဗာပူးအသင်းရဲ့ ခံစစ်ကို အစ်ဆွချ်အသင်း တစ်ဂိုးရဖို့တောင် ခက်ခဲနိုင်တဲ့အတွက် ဂိုးပေါင်းအပေါ် ဖြစ်ဖို့အတွက် လီဗာပူးတစ်သင်းတည်းက ငါးဂိုးလောက် သွင်းရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း ငါးဂိုးလောက်အထိ ဂိုးပြတ်သွင်းမယ်လို့ မထင်သလို ခံစစ်ပိတ်ကစားလာမဲ့ အစ်ဆွချ်ကြောင့် ဂိုးရနောက်ကျနိုင်ပါတယ်။ လီဗာပူးတစ်သင်းတည်း ငါးဂိုးလောက်သွင်းမှ ဂိုးပေါ်မဲ့ အနေအထားမှာ ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ဝုဗ် Vs အာဆင်နယ်
အာဆင်နယ်အသင်းရဲ့ဘော်ဒီကြေး တစ်လုံးသွင်းရင် ပြားအနည်းငယ်ဘဲ ရှုံးမယ်ဆိုတဲ့ ပေါက်ကြေး
နဲ့ ဂိုးပေါင်းကြေးမှာ သုံးလုံးသွင်းရင် အပြည့်နီးပါး စားရမယ်ဆိုတဲ့ ပေါက်ကြေးက အရမ်းကိုပျော့နေပြီး စုံပေါ်အောင်ဖို့ ခက်ခဲနိုင်တဲ့ ပေါက်ကြေးတစ်ခု ဖြစ်ပါတယ်။ ပထမအကျော့ အိမ်ကွင်းပွဲစဥ်မှာ နှစ်လုံးအရှုံးအထိ ပေးခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ အခုပွဲမှာ တစ်လုံးငါးဆယ်အရှုံးလောက် အနိမ့်ဆုံး ပေးသင့်တာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲလုံးကို ဂိုးပြတ်တွေချည်း ရှုံးနိမ့်ထားတာ ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါက်ကြေးကို ဒီထပ်ပေးပြီး ပေးလို့ရပါတယ်။ အာဆင်နယ်အသင်းက ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရသလို ဒီပွဲပြီးရင်လည်း ချန်ပီယံလိဂ် နောက်ဆုံးပွဲကို ထပ်ကစားရမှာ ဖြစ်တဲ့အတွက် ကစားသမားတွေ ပွဲပန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒီလိုပွဲစဥ်တွေမှာဆို အာဆင်နယ်အသင်းက ဂိုးတွေအများကြီး သွင်းဖို့ထက် သွင်းဂိုးမပေးရရေးကို အာရုံစိုက် ကစားတတ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်က မာကျောမှု အပြည့်ရှိတာကြောင့် ဝုဗ်အသင်း ဂိုးရမယ်လို့ မထင်သလို ရခဲ့ရင်လည်း တစ်ဂိုးထပ်ပိုရမယ် မထင်ပါဘူး။ ဒီအတွက်ကြောင့် ဂိုးအောက် ရွေးချယ်မှုကသာ အကောင်းဆုံး ဖြစ်ပါတယ်။
◾ဘုန်းမောက် Vs နော်တင်ဟန်ဖောရက်
ပြီးခဲ့တဲ့အပတ်မှာ ကိုးပွဲဆက် ရှုံးပွဲမရှိထားတဲ့ နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ရှုံးပွဲတွေ့စေခဲ့သလို အခုပွဲစဥ်မှာလည်း ကိုးပွဲဆက် ရှုံးပွဲမရှိထားတဲ့ ဖောရက်အသင်းကို အိမ်ရှင်ဘုန်းမောက်အသင်း အနိုင်ရအောင် ထပ်လုပ်ပြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ပြားခြောက်ဆယ်လောက်ထိ ပေးထားတာကြောင့် သရေကျတာနဲ့ အနိုင်ရမဲ့ အောက်အသင်း ဖောရက်ကို ထိုးသားတိုင်း သဘောကျနေပါတယ်။ လီဗာပူးအသင်းကိုတောင် သရေကစားထားနိုင်ပြီး ခြေစွမ်းအရမ်းကောင်းနေတဲ့ ဖောရက်အသင်းကို မရှုံးနိုင်ဘဲ သရေတော့ ကစားနိုင်မယ်လို့ ထင်ကြမှာပါ။ တကယ်လို့ ဘုန်းမောက်အသင်း အနိုင်မရနိုင်ဘူးဆိုရင် ပေါက်ကြေးကို ဒဲ့ပေါက်နေရင်တောင် လုံလောက်ပါတယ်။ ဒါပေမဲ့ ပြားခြောက်ဆယ်လောက်အထိ ပေးထားတဲ့ ပေါက်ကြေးက ဘွတ်ကီတွေက ဘုန်းမောက်ဘက်မှာ ရှိနေပြီး ထိုးသားတွေက ဖောရက်အသင်းကို ရွေးချယ်နေကြတာ တွေ့ရပါတယ်။ ကြေးအရမ်းအောင်နေတဲ့ ဖောရက်အသင်း ကြေးပြန်ကျချိန် တန်နေပြီ ဖြစ်ပါတယ်။ အောက်အသင်းဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ ပေါက်ကြေးက ကြေးပြင်းနေပြီး အနိုင်ရသွားနိုင်တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဆောက်သမ်ပ်တန် Vs နယူးကာဆယ်
ဆောက်သမ်ပ်တန်အသင်း ရုန်းကစားနေပေမဲ့ ရလဒ်ကတော့ မကောင်းသေးပါဘူး။ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ နယူးကာဆယ်အသင်း ဆောက်သမ်ပ်တန်လို အသင်းတိုင်းကို အမှတ်ပေးနေတဲ့အသင်းနဲ့ တွေ့နေတဲ့ အချိန်မှာ သေချာပေါက်သုံးမှတ်အပြည့် ရယူချင်မှာပါ။ တစ်လုံးသွင်းရင် ခြောက်ဆယ်လောက် ရှုံးဦးမဲ့ နယူးကာဆယ်အသင်းရဲ့ ဘော်ဒီကြေးက အရမ်းကြီးပျော့နေတာမျိုး မဟုတ်ပါဘူး။ နယူးကာဆယ်အသင်းက တိုက်စစ်အသားပေးကစားတတ်သလို အိမ်ရှင်ဆောက်သမ်တန်အသင်းကလည်း အနိုင်ရဖို့ ဦးတည်ကစားလာနိုင်တဲ့ အခြေအနေမှာ နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အခြေအနေကိုလည်း တွေ့ရပါတယ်။ နယူးကာဆယ်ဘော်ဒီနဲ့ ဂိုးပေါ် တစ်ခုခု အောင်နိုင်သလို စုံပေါ်အောင်ရင်လည်း အောင်သွားနိုင်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်က အနိမ့်ဆုံး နှစ်ဂိုးလောက်ရနိုင်တာကြောင့် ပြားအနည်းငယ်ရင်းပြီး စုံပေါ်ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
◾ဘရိုက်တန် Vs အဲဗာတန်
မန်ယူအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့သလို နောက်ဆုံးခုနစ်ပွဲဆက် ရှုံးပွဲမရှိထားဘဲ ခြေစွမ်းကောင်းရနေတဲ့ ဘရိုက်တန်အသင်းရဲ့ ဘော်ဒီကြေးမှာ တစ်လုံးသွင်းရင် တစ်ဝက်လောက် အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပါတယ်။
တန်းဆင်းဇုန်အထက်နားက အဲဗာတန်အသင်းကို အိမ်ရှင်ဘရိုက်တန်အသင်းအနေနဲ့ တစ်လုံးသရေလောက် ဖြစ်ဖြစ် တစ်လုံး နှစ်ဆယ်စားလောက်ထိ ပေးသင့်တယ်လို့ ထင်ပါတယ်။ အဲဗာတန်အသင်းကို ဒေးဗစ်မိုယက် နှစ်ပွဲကိုင်ပြီးချိန်မှာ တစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပေမဲ့ အရမ်းကြီး တိုးတက်လာတဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ဒီအခြေအနေမှာ ပေါက်ကြေးကို ရဲရဲတင်းတင်း မပေးနိုင်တဲ့ အတွက်ကြောင့် အခုပေါက်ကြေးမှာ သရေတစ်ပေါက်ရှိနေတဲ့ အချက်ကို တွေ့ရပါတယ်။ ထိုးသားအများစု ဘရိုက်တန်အသင်းကို ရွေးချယ်လာနိုင်တဲ့အချိန်မှာ အခုပေါက်ကြေးအရ နှစ်ဂိုးပြတ်အနိုင်ရဖို့ မလွယ်ပါဘူး။ အဲဗာတန်အသင်း သရေရသွားနိုင်တဲ့ ပေါက်ကြေးကြောင့် အောက်အသင်းဖြစ်တဲ့ အဲဗာတန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
◾မန်စီးတီး Vs ချဲလ်ဆီး
စနေညရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ရလဒ်တွေ သိပ်မကောင်းတဲ့ မန်စီးတီးအသင်းက ဇန်နဝါရီ အပြောင်းအရွေ့မှာ တိုက်စစ်မှူးတစ်ယောက်၊ ဂိုးသမားနဲ့ နောက်တန်းတစ်ယောက်တို့ကို ခေါ်ယူထားပေမဲ့ အဓိက လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကိုတော့ မခေါ်ယူရသေးပါဘူး။ မန်စီးတီးအသင်း ရလဒ်မကောင်းတာ မှန်ပေမဲ့ အိမ်ကွင်း ကစားရမှာဖြစ်သလို နောက်ဆုံးဆယ်ပွဲဆက် ချဲလ်ဆီးအသင်းကို ရှုံးပွဲမရှိထားတာကြောင့် အနိမ့်ဆုံး သရေအရှုံးလောက်ထိ ပေးသင့်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီပွဲမှာ ဘော်ဒီကြေး ပြားခြောက်ဆယ်လောက်သာ ပေးထားနိုင်ပြီး ဂိုးပေါင်းကြေးမှာတော့ လေးလုံးသွင်းမှ အနိုင်ရမဲ့ ပေါက်ကြေးပြင်းပြင်းကို ပေးထားပါတယ်။ ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ကစားခဲ့ချိန်တုန်းကတောင် သရေအရှုံးပေးခဲ့တဲ့ မန်စီးတီး အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ ပြားခြောက်ဆယ်သာ ပေးထားနိုင်တဲ့ ဘော်ဒီကြေးက အရမ်းကို ပျော့နေပါတယ်။ ချဲလ်ဆီးအသင်းကလည်း ခြေစွမ်းအနည်းငယ် ပြန်ကျနေပေမဲ့ အခုပေါက်နေတဲ့ ပေါက်ကြေးအနေအထားအရ ဂိုးရနိုင်ခြေ များပါတယ်။ ပေါက်ကြေးအရ သရေကျသွားနိုင်တဲ့အတွက် အောက်အသင်း ဖြစ်တဲ့ ချဲလ်ဆီးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။