October 23, 2024

၁၃. ၁. ၂၀၂၃
Written by Pan Ei

ဂီတပညာရှင်နဲ့ ကမ္ဘာကျော်ရော့ခ်အဆိုတော် အဲလ်ဗစ် ပရက်စလေရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ လီဆာ မာရီ ပရက်စလေဟာ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ သူမရဲ့ နေအိမ်မှာ ကြာသပတေးနေ့ (ဇန်နဝါရီ ၁၂ရက်နေ့)က နှလုံးရပ်ကာ ကွယ်လွန်ခဲ့တယ်လို့ သူ့မရဲ့မိခင်က ပြောကြားခဲ့ပါတယ်။

“ကျွန်မသမီးလေး လီဆာမာရီက ကျွန်မတို့ကို ထားသွားခဲ့တဲ့ ဝမ်းနည်းစရာကောင်းတဲ့ သတင်းကို မျှဝေလိုက်ရပါတယ်” လို့ သူမရဲ့မိခင်ဖြစ်သူ ပရစ်ကီလာ ပရက်စလေ က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လီဆာမာရီကို ၁၉၆၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကမ္ဘာ့လှည့် ခရီးသည်တွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ သူမဖခင်ရဲ့ ဂရေ့စ်လန်း အဆောက်အဦရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်မှာ အဲလ်ဗစ် ပရက်စလေ ဂရေ့စ်လန်း အိမ်၌ ကွယ်လွန်ခဲ့ချိန်မှာတော့ သူမအသက်ဟာ ၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်ဂီတအသက်မွေးဝမ်းကြောင်းကို ၂၀၀၃ ခုနှစ်မှာတော့ ပွဲဦးထွက်အယ်လ်ဘမ် To Whom It May Concern နဲ့ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Now What ကို ထုတ်ဝေခဲ့ပါတယ်။ အဆိုပါအယ်လ်ဘမ်နှစ်ခုလုံးဟာ Billboard ရဲ့ ထိပ်ဆုံး အယ်လ်ဘမ် ၂၀၀ ဇယားရဲ့ ထိပ်တန်း ၁၀ နေရာအတွင်း ဝင်ရောက်နိုင်ခဲ့ပါတယ်။

လီဆာမာရီရဲ့ ခင်ပွန်းဟောင်းတစ်ဦးဖြစ်တဲ့ နီကိုလပ်စ် ကေ့ဂျ်ကလည်း လီဆာမာရီရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲရကြောင်း သူရဲ့ မန်နေဂျာကတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *