၂၄. ၁. ၂၀၂၅
Written by Thettant
အောင်လအလွန် One Championship မှာ ထွန်းသစ်စလူငယ်ဖြစ်လာခဲ့ပေမဲ့ One Friday Fights 81 ထိုးသတ်ချိန် ကမ္ဘာ့အဆင့်ကစ်ဘောက်ဆင်ချန်ပီယံ ဂျပန်နိုင်ငံသား တခဲရုကို ရှုံးနိမ့်ခဲ့တဲ့ သန့်ဇင်ဟာ ဒီနေ့ညထိုးသတ်တဲ့ One 170 ပွဲမှာလည်း ပြိုင်ဘက် ဆူရီယန်လက်ခ်ကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာ့အလံခြုံပြီး ပစ်တိုင်းထောင်ရုပ်နှစ်ခု လည်မှာဆွဲလာတဲ့ သန့်ဇင်ဟာ သူ့ထက်ပိုအရပ်ပုပေမဲ့ သန်မာတဲ့ ဆူရီယန်လက်ခ်ကို အောက်ခြေခတ်ပြီး ယိုင်လာချိန် ထောက်ထိုးတာကြောင့် ဆူရီယန်လက်ခ် ထိချက်နာခဲ့သလို တိုင်ဆော်ဂျော်လို ကျမှာစိုးတာကြောင့် ခြေအကန်မခံရဲပေမဲ့ ပထမအချီမှာ ဆူရီယန်လက်ခ် အထိနာခဲ့သလို ဒူးပျံလည်းမိခဲ့ ခြေလည်း နာသွားခဲ့ပါတယ်။
ဒုတိယအချီမှာတော့ ဆူရီယန်လက်ခ်က အတင်းဝင်ထိုးချိန်မှာ သန့်ဇင်က အကွာအဝေးမထိန်းနိုင်ဘဲ ဆူရီယန်လက်ခ်နဲ့ ဆိုင်ထိုးပြိုင်ထိုးပြီး Fight IQ နိမ့်တာကြောင့် အနိမ့်ခြေကန်ချက်ကြောက်နေတဲ့ ဆူရီယန်လက်ခ်ကို ကိုယ့်အားသာချက် သတိထားမယှဥ်မိလို့ ဆူရီယန်လက်ခ်လက်သီးတွေမိပြီး အမှတ်စဥ်နှစ်ကြိမ် အရေခံရသလို နောက်တစ်ကြိမ်လဲအကျမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ မွေထိုင်းထွက်ထိုးချိန် အမျိုးသားတွေထဲ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံးသန့်ဇင်နဲ့ စိုးလင်းဦးဟာ ပြီးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တွေကို အရေးနိမ့်ခဲ့ရသလို စိုးလင်းဦးကလည်း သူ့အရင် သန့်ဇင်ရှုံးတာကြောင့် ဝမ်းနည်းပြီး နာဘီလ်ကိုထိုးဖို့ အားမရှိတာကြောင့် ရှုံးခဲ့တာလို့လည်း ပြောထားတာကြောင့် အခု သူ့ရှေ့က သန့်ဇင်လည်းရှုံးသွားပြီမို့ စိုးလင်းဦးဟာ သူ့ပြိုင်ဘက် ဆက်ခ်ဆန်ကိုများ…