◾ ကျားဖြန့်စခန်းများကို ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အားမရောင်းဟု ငြင်းဆို
၂၄. ၁. ၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရ၊ ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေ တိုးပွားတည်ရှိရမှုအတွက် ထိုင်းအစိုးရက မြန်မာအစိုးရအပေါ် အပြစ်တင်သည်ဟု ပြောကြားမှုကိုငြင်းဆိုခဲ့ပြီး ထိုပြဿနာက အဖွဲ့အစည်းအတော်များများ ပါဝင်ပတ်သက်နေတဲ့ ရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူဖြစ်တဲ့ မစ္စတာ ဖွမ်သမ် က ထိုဖြစ်ရပ်မှာပါတဲ့ အဖွဲ့အစည်းတွေကလည်း ထိုင်းနိုင်ငံတစ်နိုင်ငံထဲမဟုတ်ဘဲ နိုင်ငံအတော်များများရဲ့နယ်စပ်တွေမှာ လှုပ်ရှားနေကြတာဖြစ်လို့ ဒီကိစ္စမှာ ထိုင်းနိုင်ငံတစ်ခုတည်း အပြစ်ရှိတယ်လို့လည်း ပြောလို့မရပြန်ပါဘူးလို့ ဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ ကျားဖြန့်စခန်းတွေကို ချေမှုန်းသုတ်သင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေဆီက သူတို့က လျှပ်စစ်ဓာတ်အားနဲ့ တခြားလိုအပ်မှုတွေရနေလို့ ခက်ခဲရတယ်လို့ မြန်မာအစိုးရက ပြောခဲ့ပါတယ်။ မစ္စ တာ ဖွမ်သမ်က ဒီကိစ္စကို မြန်မာနဲ့ထိုင်း အစိုးရအရာရှိကြီးတွေရဲ့ မကြာခင်က ဆွေးနွေးပွဲမှာ မဆွေးနွေးခဲ့ရဘူးလို့ ဝန်ခံခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာနာတစ် ဆာဝန်ဆန် က ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။ သူက ကျားဖြန့်ဂိုဏ်းတွေကို မြန်မာအစိုးရကနယ်စပ်တစ်လျှောက်နှိမ်နင်းရာမှာ သူတို့က ထိုင်းနိုင်ငံကို သူတို့ရဲ့ အခြေခံခြေကုပ်စခန်းအဖြစ်သုံးလာရင်လည်း လက်မခံဘဲ သက်သေပြသွားမှာလို့ ပြောခဲ့ပါတယ်။
အောက်လွှတ်တော်မှာလည်း သက်ဆိုင်ရာကော်မတီတစ်ရပ်က ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကျားဖြန့် စခန်းတွေရှိတဲ့ မြန်မာနိုင်ငံအတွင်းနယ်စပ်ဒေသကို လျှပ်စစ်မီးမဖြတ်တောက်ဘဲ ပေးနေတာလည်း ဆိုတာဖြေကြားဖို့ မေးခဲ့တယ်ဆိုပါတယ်။
ထိုငိးနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ ကတော့ ဒေသဓာတ်အားပေးမှုအာဏာပိုင်အဖွဲ့နဲ့ အနီးကပ် ဆောင်ရွက်လျက်ရှိရာမှာ စွပ်စွဲကြသလို ထိုင်းဘက်က မြန်မာနိုင်ငံအတွင်းကျားဖြန့်စခန်းတွေကို လျှပ်စစ်ဓာတ်အားရောင်းနေတယ်လို့ မတွေ့ရပါဘူးလို့ ပြောခဲ့ပါတယ်။
Ref—–Bangkok Post