၂၄.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုက ငါးနှစ်တာကာလအတွင်း အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိလာခဲ့ကာ ကျောင်းပေါင်း ၃၅၂ ကျောင်းကို ဇန်နဝါရီလ ၂၄ ရက်မှာ ပိတ်ခဲ့ရတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
ဘန်ကောက်မြို့တာဝန်ရှိသူတွေက မြို့တော်အတွင်း ယာဉ်တွေကထွက်လာတဲ့ အခိုးအငွေ့တွေကြောင့် ပိုမိုဆိုးဝါးတဲ့ အခြေအနေမဖြစ်စေဖို့ ယာဉ်သွားလာမှုလျှော့ချရေးကြိုးပမ်းတဲ့အနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ တစ်ပတ်ကြာ အခမဲ့ပို့ဆောင်ခွင့်သတ်မှတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒေသတွင်း အခြားနိုင်ငံအများအပြားလိုပဲ ရာသီအလိုက် လေထုညစ်ညမ်းမှုဒဏ်ကိုခံနေခဲ့ရတာပါ။ ဒါပေမယ်ံ ဒီတစ်ပတ်မှာတော့ ၂၀၂၀ ပြည့်နှစ်ကစလို့ အဆိုးဝါးဆုံးသော အခြေအနေဖြစ်ခဲ့ကာ ဘန်ကောက်မြို့ရှိ ကျောင်းပေါင်း ၄၃၇ ကျောင်းအနက် ခရိုင် ၃၁ ခုမှာ ကျောင်းပေါင်း ၃၅၂ ကျောင်းကို ပိတ်ခဲ့ရတာပါ။
ဒါ့ပြင် တာဝန်ရှိသူတွေက ပြည်သူတွေကို အိမ်များမှသာ အလုပ်လုပ်ကြဖို့ တိုက်တွန်းခဲ့ပြီး မြို့တွင်း ကားကြီးတွေသွားလာမှုကိုလည်း တင်းကျပ်ခဲ့ပါတယ်။ အခုဆိုရင် ဘန်ကောက်မြို့အနေနဲ့ ကမ္ဘာ့ သတ္တမမြောက် လေထုအညစ်ညမ်းဆုံးမြို့အဆင့်ထိ ရောက်ရှိနေရတယ်လို့ သိရပါတယ်။
Ref-CNA