၂၄.၁ .၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ် ၊ သန်လျင် -တာဝတက္ကသိုလ် လမ်းမပေါ် မှာ YBS – 34ယာဉ်လိုင်းနဲ့ အိမ်စီး ပရိုဘောက်စ်ယာဉ်ငယ် တိုက်မိပြီး လူသုံးဦးနေရာတင်သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာနဲ့ နှစ်ဦးမစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်အကျဉ်းကို သိရတာက YBS – 34 ယာဉ်က အိမ်စီး ပရိုဘောက်စ်ယာဉ်ကို ဖြတ်တိုက်တာလို့သာသိရှိရပြီး အိမ်စီးယာဉ်ငယ်ပေါ်ပါ လူခြောက်ဦးအနက် အမျိုးသမီး သုံးဦးသေဆုံးကာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ မစိုးရိမ်ရ ကားအတွင်းညပ်နေတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။ နောက်တစ်ဦးက YBS ယာဉ်မောင်း ဖြစ်ပြီး သူလည်း ပေါက်ပြဲ သွေးထွက်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ ရုပ်အလောင်းတွေကို သန်လျင်မြို့နယ် လူမှုကူညီရေးအသင်းတွေပူးပေါင်းပြီး သန်ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူတွေကိုလည်း ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းတာကြောင့် အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။