၂၃.၁.၂၀၂၅
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ ခင်ပွန်းဖြစ်သူကိုနိုင်ဖြိုးကျော်တို့က ဝတ်မှုန်ရွှေရည်ရဲ့ ဖခင်ဖြစ်သူ ယမန်နှစ် ဧပြီ ၁၄ ရက်က ကွယ်လွန်ခဲ့တဲ့ ဦးဝင်းသိန်းနိုင် အတွက် ရည်စူးပြီး နေပြည်တော် အမြန်လမ်းမကြီးရှိ ၁၈ မိုင်တောရကျောင်းက သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်း ကုသိုလ်တော်ယူခဲ့ပါတယ်။
“ကစ်အဖေ ရှိကတည်းက ဆွမ်းကပ်လှူချင်ခဲ့တဲ့ ဆန္ဒအတိုင်း ၁၈ မိုင်တောရဘုန်းဘုန်းအား နေ့ဆွမ်းနဲ့ အဖေ့ကိုရည်စူးနဝကမ္မ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်” လို့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ပြောပါတယ်။
သူမတို့မိသားစုက ဇန်နဝါရီ ၂၂ ရက်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကြီးကို အထောက်အပံ့ဖြစ်ပါစေခြင်းအကျိုးငှာ ၁၈ မိုင်တောရမှာ သီတင်းသုံးလျှက် ဂန္ထဓူရ၊ ဝိပဿနာဓူရတို့နဲ့ ဓူရနှစ်ဖြာ သာသနာကို အားထုတ်လျက်ရှိကြကုန်တဲ့ ရဟန်း ၊ သာမဏေ ၊ သူတော် ၊ သီလရှင် အပါး ၉၀ ကျော်တို့ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေ အအေးတို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ကြတာဖြစ်ပါတယ်။