MT News / 23. 1. 2025
ပြီးခဲ့တဲ့ One 81 တုန်းက တခဲရုနဲ့ သန့်ဇင်၊ စိုးလင်းဦးနဲ့ နာဘီလ်တို့ပွဲမှာ အရေးနိမ့်ခဲ့ကြတဲ့ စိုးလင်းဦးနဲ့ သန့်ဇင်တို့နှစ်ယောက်စလုံးဟာ မနက်ဖြန်ထိုးသတ်မယ့် One – 170 ပွဲအတွက် ဝိတ်ချိန်၊ ရေဓာတ်စစ်ဆေးမှု ကျော်ဖြတ်နိုင်ခဲ့လို့ မနက်ဖြန် ထိုးသတ်ပွဲမှာ ဆက်ခ်ဆန်၊ ဆူရီယန်လက်ခ်တို့နဲ ရင်ဆိုင်ရတော့မှာပါ။
မြန်မာဖိုက်တာနှစ်ယောက်ရဲ့ပွဲတွေဟာ ကနဦးမှာ ဝိတ်ရော၊ ရေဓာတ်ရောမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရလို့ မနက်ဖြန် ပွဲဖြစ်ပါ့မလား ရင်မခဲ့ရပေမဲ့ အဆုံးမှာတော့ သန့်ဇင်ဟာ သတ်မှတ်ဝိတ်ရော၊ Hydration Test ကန့်သတ်ချက်နှစ်ခုစလုံး သတ်မှတ်ချက်အတွင်းဝင်သွားပေမဲ့ ဆူရီယန်လက်ခ်က ဝိတ်မအောင်လို့ Catch Weight နဲ့ ကျော်ဖြတ်ခဲ့ရပြီး ထိုးသတ်ကြေးတစ်ခု သန့်ဇင်ကို ခွဲပေးရတော့မှာဖြစ်ပါတယ်။ သံမဏိစိုးလင်းဦးက သန့်ဇင်နဲ့ ပြောင်းပြန်ဖြစ်ပြီး သတ်မှတ်ဝိတ်အတွင်း မဝင်ရောက်နိုင်ခဲ့လို့ သတ်မှတ်ဝိတ်ဝင်တဲ့ ပြိုင်ဘက် ဆက်ခ်ဆန်နဲ့ ထပ်ညှိပြီး ထိုးကြေး ခွဲပေးရမှုနဲ့ Bonus မရဘဲ Catch Weight မှာပဲ ယှဥ်ပြိုင်ရမယ့် အခြေအနေဖြစ်သွားခဲ့တာပါ။
“ဒီပွဲကိုနိုင်အောင်ထိုးပြီး စာချုပ်ရဖို့ မျှော်လင့်ပါတယ်”လို့ သန့်ဇင်က ပြောပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ မွေထိုင်းထွက်ထိုးချိန် အမျိုးသားတွေထဲ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံးနှစ်ယောက်ဟာ ပြီးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တွေကို အရေးနိမ့်ခဲ့ရတာမို့ မနက်ဖြန်ပွဲဟာ မြန်မာတွေတခဲနက် အားပေးကြမှာဖြစ်သလို သူတို့လည်း နိုင်ပွဲကိုယ်စီရယူနိုင်ကြဖို့ လက်ဝှေ့ချစ်သူအားလုံးက ဆုတောင်းနေကြပါတယ်။