October 23, 2024

၁၃. ၁. ၂၀၂၃
Written by Pan Ei

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ Mobile Legends: Bang Bang ရဲ့ World Championship M4 ပွဲရဲ့ ရှုံးထွက်အဆင့် သတ္တမနေ့ ပွဲစဉ်တွေမှာ အိမ်ရှင် အင်ဒိုနီးရှား ထိပ်တန်းအသင်း RRQ နဲ့ မြန်မာကိုယ်စားပြုအသင်း Falcon Esports တို့ဟာ ဒီနေ့ ( ဇန်နဝါရီ ၁၃ ရက်) မှာ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြရမှာတော့ ပွဲစဉ် ၅ အထိ ရောက်ရှိခဲ့ပြီး ရှုံးနိမ့်ခဲ့တာကြောင့် မြန်မာအသင်းဟာ Top 6 အနေနဲ့ ကျေနပ်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက M4 ကို သွားရောက်ယှဉ်ပြိုင်ဖို့ ပြိုင်ပွဲကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံတစ်ဝှမ်းက အသင်းပေါင်းများစွာကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရရှိခဲ့တဲ့ Falcon Esports ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကတည်းက M4 ပွဲစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။

အုပ်စုအဆင့်ကို ထိပ်ဆုံးအနေနဲ့ တက်နိုင်ခဲ့တဲ့ Falcon Esports ဟာ M4 ပွဲစဉ်တစ်လျှောက်မှာ အနိုင်ပွဲတွေရရှိဖို့ ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး M3 ချန်ပီယံဖြစ်တဲ့ ဖိလစ်ပိုင်အသင်း Blacklist International အသင်းကိုလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ M2 ပွဲစဉ်မှာတော့ မြန်မာ ကိုယ်စားပြုအသင်း Burmese Ghouls ဟာ ဖိုင်နယ်ပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၂ နေရာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

မြန်မာကိုယ်စားပြုအနေနဲ့ ကြိုးစားယှဉ်ပြိုင်ခဲ့တဲ့ Falcon Esports အသင်းဟာ Top 6 အနေနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ပရိသတ်တွေက အားပေး ဂုဏ်ပြုလျက်ရှိနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *