၂၂. ၁.၂၀၂၅
Written by Nay Moe
စစ်မှုထမ်းကြေးငွေများ အတင်းအဓမ္မကောက်ခံပြီး လျှပ်စစ်မီတာခများ အဆမတန်တောင်းခံသည် ခေါင်းစဥ်တပ်ကာ တောင်တွင်းကြီးမြို့နယ်၊ မိအုအောင်းကျေးရွာအုပ်ချုပ်ရေးမှူးကို PDF နှစ်ဖွဲ့ပေါင်း သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သည့် PDF နှစ်ဖွဲ့က ဝန်ခံချက်ထုတ်ပြန်သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ မကွေးတိုင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပရပ်ကြယ်တိုက်နယ်၊ မိအုအောင်းအုပ်စု၊ မိအုအောင်းကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းစိုးဆိုသူအား ဇန်နဝါရီ ၂၀ ရက် နံနက် ၁ဝ နာရီဝန်းကျင်တွင် Magway Guerrilla Force အဖွဲ့နှင့် Taungdwingyi Fighter Force အဖွဲ့တို့က ဦးသိန်းစိုး နေအိမ်အတွင်း၌ သေနတ်ကျည်နှစ်ချက်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ မိအုအောင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းစိုးသည် ကျေးရွာနေပြည်သူလူထုအပေါ် စစ်မှုထမ်းကြေးငွေများ အတင်းအဓမ္မကောက်ခံခြင်း၊ လျှပ်စစ်မီတာခများအဆမတန်တောင်းခံခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သတ်ဖြတ်မှုကျူးလွန်သည့် NUG ဩဇာခံ Magway Guerrilla Warfare (mmp) Taungdwingyi Fighter Force (LPDF) တို့က အကြောင်းပြချက်ပေးသော်လည်း အဆိုပါစွပ်စွဲချက် မှန် မမှန်ကိုမူ MT News က မြေပြင်အတည်မပြုနိုင်ချေ။