October 23, 2024

MT News
၁၃. ၁. ၂၀၂၃

MT News သတင်းဌာနတွင် တာဝန်ထမ်းဆောင်ရန် Video Journalist နှင့် Video Editor အလိုရှိပါသည်။

MT News (Myanmar Transparency News) သတင်းဌာနသည် မြန်မာနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုဖြစ်ပြီး တရားဝင်ရပ်တည်နေသည့် အွန်လိုင်းအခြေပြု သတင်းမီဒီယာတစ်ခု ဖြစ်ပါသည်။

MT News သတင်းဌာနအနေဖြင့် တိုင်းပြည်တွင် ပျောက်ရှနေသည့် မှန်ကန်သောသတင်းမီဒီယာများ ပြန်လည်ပေါ်ထွန်းလာရေး၊ အမုန်းတရားကြီးစိုးလာနေသည့် မြန်မာ့လူမှုပတ်ဝန်းကျင်အတွင်း ဒီမိုကရေစီစံနှုန်းများအတိုင်း ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ်များ ပြန်လည်ပေါ်ထွန်းလာပြီး သူတစ်ပါးလွတ်လပ်ခွင့်အား လေးစားတတ်သူများ ဖြစ်စေရေးနှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် အမုန်းတရားကြီးစိုးနေသော လူမှုကွန်ရက်များတွင် ကွဲလွဲနေသော ဖြစ်စဉ်များအား အခြေအနေမှန်ကို တင်ပြရေး “Move to Truth” မူများဖြင့် ရပ်တည်နေပြီး အဆိုပါမူများအတိုင်း မိမိ Professional အလုပ်ကိုသာ လေးစားတန်ဖိုးထားသည့် ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲမရှိဘဲ နိုင်ငံတိုးတက်ကောင်းမွန်ရေးကိုသာ ရှေးရှုလုပ်ကိုင်မည့် Video Journalist နှင့် Video Editor များ အလိုရှိပါသည်။

၁။ Video Journalist

◾️ ကင်မရာရိုက်ကူးခြင်းနှင့် ဗီဒီယိုတည်းဖြတ်ခြင်းများကို လုပ်ကိုင်နိုင်သူဖြစ်ရမည်။
◾️ Video Journalist အဖြစ် အနည်းဆုံးလုပ်သက်သုံးနှစ်ရှိရမည်။
◾️ Video Script များ ရေးသားခြင်း၊ Dialogue များ ရေးသားခြင်းများကို လုပ်ကိုင်နိုင်သူဖြစ်ရမည်။
◾️ ကဏ္ဍစုံ၊ သတင်းစုံ ရိုက်ကူးနိုင်သူဖြစ်ရမည်။
◾️ သတင်းနှင့်ဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ ရိုက်ကူးတည်းဖြတ်နိုင်ပြီး မည်သည့်အကြောင်းအရာကို ဦးစားပေးတင်ဆက်မည်ဆိုသည့်အချက်ကို သက်ဆိုင်ရာအယ်ဒီတာနှင့် ညှိနှိုင်းဆွေးနွေးနိုင်သူဖြစ်ရမည်။

၂။ Video Editor

◾️ Photoshop, Adobe Illustrator, Premier Pro, After Effect ကျွမ်းကျင်ရမည်။
◾️ Graphic Design နှင့် Video Edit ပူးတွဲလုပ်ဆောင်နိုင်သူဖြစ်ရမည်။
◾️ Creative Idea ရှိသူဖြစ်ရမည်။
◾️ Deadline အမီ အလုပ်ပြီးစီးရမည်။
◾️ အလုပ်ဖိအားဒဏ်ခံနိုင်သူဖြစ်ရမည်။
◾️ Team ဖြင့် ပူးတွဲလုပ်ဆောင်နိုင်သူဖြစ်ရမည်။
◾️ သတင်းမီဒီယာအတွေ့အကြုံရှိရမည်ဖြစ်ပြီး Video Editing နယ်ပယ်တွင် လုပ်သက်အနည်းဆုံးငါးနှစ်ရှိရမည်။
◾️ သတင်းအမြင်ဖြင့် ရုပ်သံများကို တည်းဖြတ်နိုင်ရမည်ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီလုပ်ကိုင်နိုင်သူဖြစ်ရမည်။

◾️အထူးအားဖြင့် မိမိကိုယ်တိုင် တည်းဖြတ်ထားသော အများပြည်သူသို့ တင်ဆက်ပြီးသော ရုပ်သံနှစ်ခု၏ လင့်ခ်ကို အလုပ်လျှောက်ထားချိန်တွင် ပူးတွဲတင်ပြနိုင်ရမည်။ ထို့ပြင် Video Editor သည် သတင်းရုပ်သံဖိုင်များ ရယူခြင်း၊ တည်းဖြတ်ခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်း။ TV Promo များ တည်းဖြတ်ခြင်း။ Program များ ပြသရန် အချိန်မီ တည်းဖြတ်ခြင်း။ သတင်းများ ၊ Program များကို မတည်းဖြတ်ခင် သက်ဆိုင်ရာ Producer များ နှင့် ညှိနှိင်းဆွေးနွေးခြင်း။ Video Editing လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထုတ်လုပ်ရေးမှူးများနှင့် တာဝန်ခံ Editor in charge နှင့် ဆွေးနွေးခြင်း Editing Skill ကျွမ်းကျင်မှုရှိခြင်း စသည့် အချက်များနှင့်ကိုက်ညီပြီး မခိုမကပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်ဖြစ်သည်။

” လျှောက်ထားလိုပါက”

လျှောက်ထားလိုသူများသည် ပါတီစွဲ၊ လူမျိုးစွဲ၊ လူပုဂ္ဂိုလ်စွဲကင်းရှင်းပြီး သတင်းကို သတင်းအတိုင်း ရေးသားတင်ဆက်တည်းဖြတ်နိုင်ရမည်ဖြစ်သည်။

စိတ်ဝင်စားသူများသည် ကိုယ်ရေးအချက်အလက်၊ အတွေ့အကြုံ၊ လျှောက်ထားလိုသည့် ရာထူး၊ ဆက်သွယ်ရမည့် လိပ်စာ (အီးမေးလ်၊ ဖုန်းနံပါတ် စသည်)၊ ဓာတ်ပုံတို့နှင့်အတူ နမူနာရုပ်သံတစ်ခု၊ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် ရှုမြင်သည့် မိမိအမြင် (စာလုံးရေ ၃၀၀ ခန့်)၊ မျှော်မှန်းလစာတို့နှင့်အတူ MT News သတင်းဌာန၏ [email protected] နှင့် [email protected] သို့ ဇန်နဝါရီ ၂၀ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ ရွေးချယ်ခံရသူများကို ပြန်လည် ဆက်သွယ်မည်ဖြစ်သည်။

အယ်ဒီတာအဖွဲ့
MT News သတင်းဌာန

Leave a Reply

Your email address will not be published. Required fields are marked *