၂၂.၁.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချာတူချတ်ခရိုင်၊ ဆီနာနီခွမ်လမ်း၊ လမ်းသွယ် ၂၈ မှာ အမျိုးသမီးနှစ်ဦးစီးနင်းလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးကို မာစီဒီးစ် ဘင့်ဇ်ကားတစ်စီးက ဇန်နဝါရီလ ၂၂ ရက် နံနက် ၅ နာရီခန့်က ဝင်တိုက်ခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးနှစ်ဦးစလုံးနေရာ၌ပင် သေဆုံးခဲ့ရကြောင်း သတင်းများအရ သိရသည်။
စုံစမ်းစစ်ဆေးချက်များအရ ဆီနာနီခွမ်လမ်း၊ လမ်းသွယ် ၁ မှ အဆိုပါဆိုင်ကယ်က လတ်ပရာအိုခရိုင်၊ ဝန်ဟင်းလမ်းဘက်သို့ဦးတည်မောင်းနှင်လာစဉ် မာစီဒီးစ်ကားက အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
လမ်းသွယ် ၂၈ လမ်းဆုံတွင်ဖြစ်ပွားခဲ့သော အဆိုပါ ယာဉ်တိုက်မှု၌ အရှိန်ပြင်းစွာတိုက်မိမှုကြောင့် ဆိုင်ကယ်စီးလာသူအမျိုးသမီးနှစ်ဦးမှာ မီတာ ၈၀ ကျော်(ပေ ၂၄၀ ကျော်)ခန့်အထိ တရွတ်တိုက်ဆွဲ၍ လွင့်စင်သွားခဲ့သည်။
ရဲတပ်ဖွဲ့က မာစီဒီးစ် ကားကိုမောင်းနှင်သူ အသက် ၂၉ နှစ်ရှိ မစ္စစ်ဖွန်လာဒါအား ဖမ်းဆီးထားပြီး စီစီတီဗီ မှတ်တမ်းဗီဒီယိုရိုက်ကူးချက်အား ပြန်လည်သုံးသပ်လျက်ရှိသည်။ ထိုအမျိုးသမီးက ပက်ချာဘွန်ပြည်နယ်မှဖြစ်ကာ ၎င်းအားစစ်ဆေးမေးမြန်းလျက်ရှိပြီး အရက်သောက်သုံးထားခြင်း ရှိမရှိကိုလည်း ရဲစခန်းတွင် စစ်ဆေးနေသည်။
Ref-Khaosod