၂၂. ၁. ၂၀၂၅
Wtitten by MMAK
◾ မိုနာကို Vs အက်စတွန်ဗီလာ
ပြင်သစ်လိဂ်မှာ မိုနာကိုအသင်းရဲ့ ခြေစွမ်းက အကျဘက်ကိုရောက်နေပြီး နောက်ဆုံးရှစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တာကို တွေ့ရပါတယ် ။ ဗီလာအသင်းက ခြေစွမ်းအတက်ဘက်ကို ရောက်နေတာကြောင့် မိုနာကိုအသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ အနိုင်ရဖို့ မလွယ်ပါဘူး ။ အဆင့်ရပ်တည်မှုအရ ကြည့်မယ်ဆိုရင် ဗီလာအသင်းအနေနဲ့ ထိပ်ဆုံးရှစ်သင်းနေရာကနေ ၁၆ သင်းအဆင့်ကို တိုက်ရိုက်ကစားခွင့်ရဖို့အတွက် လက်ကျန်နှစ်ပွဲမှာ သုံးမှတ်လောက်ထိ ရထားဖို့ လိုပါတယ် ။ နောက်ဆုံးပွဲက အိမ်ကွင်းပွဲမှာ ဆဲလ်တစ်အသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် အခုပွဲစဉ်ကို သရေလောက်ရထားရင် ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ရောက်နိုင်ဖို့ သေချာသလောက်ရှိပါတယ် ။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင် ပြားအနည်းငယ်သာ ပေးထားတဲ့ အိမ်ရှင်မိုနာကိုအသင်းရဲ့ ပေါက်ကြေးက နိုင်ကြေးမဟုတ်ဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ် ။ ပေါက်ကြေးအရဆို ဗီလာအသင်း သရေနဲ့အနိုင် တစ်ခုခုပဲလို့ ယူဆရမှာ ဖြစ်ပြီး လက်ရှိခြေစွမ်းအရလည်း အကောင်းဘက်ကို ရောက်နေတဲ့ ဗီလာအသင်းကို ရွေးချယ်ကစားသင့်ပါတယ် ။
◾ အတ္တလန်တာ Vs စတန်းဂရပ်
သုံးမှတ်သာ ရထားတဲ့ စတန်းဂရပ်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းသွားပါပြီ ။ ဆယ့်တစ်မှတ်ရထားတဲ့ အတ္တလန်တာအသင်းကတော့ ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ရောက်နိုင်ဖို့အတွက် အခုအိမ်ကွင်းပွဲမှာ အနိုင်ရထားဖို့ လိုပါတယ် ။ နောက်ဆုံးပွဲကလည်း ဘာစီလိုနာအသင်းနဲ့ အဝေးကွင်းကစားရမှာ ဖြစ်တာကြောင့် အခုပွဲကို အနိုင်ရထားပြီး နောက်ဆုံးပွဲကို သရေလောက် ကစားထားနိုင်ရင် ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ရောက်နိုင်ပါတယ် ။ သြစတီးယားကလပ် စတန်းဂရပ်အသင်းက ချန်ပီယံလိဂ်မှာသာ ခြေစွမ်းမကောင်းပေမဲ့ ပြည်တွင်းလိဂ်မှာတော့ ခြေစွမ်းမဆိုးပါဘူး ။ အတ္တလန်တာအသင်းရဲ့ နောက်ဆုံးပွဲစဥ်တွေမှာ ရုန်းကန်နေရတဲ့ အနေအထားမျိုး တွေ့ရပြီး နောက်ဆုံးငါးပွဲဆက် နိုင်ပွဲမရထားပါဘူး ။ သို့ပေမဲ့ အင်တာမီလန် ၊ ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားခဲ့ရတာကြောင့် ရလဒ်ဆိုးနေတာ ဖြစ်ပေမဲ့ ခြေစွမ်းညံ့နေလို့ မဟုတ်ဘူးဆိုတာ တွေ့ရမှာပါ ။ ဒီလိုအချိန်မှာ အတ္တလန်တာအသင်းရဲ့ ဘော်ဒီကြေး နှစ်လုံးသရေက အရမ်းပြင်းတယ်လို့ ပြောရမှာ ဖြစ်ပြီး နှစ်လုံးကို ပြားစားလောက်တော့ ပေးသင့်တာ ဖြစ်ပါတယ် ။ ဒီပေါက်ကြေးက အတ္တလန်တာအသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်နဲ့ အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ် ။ ပွဲချိန်နီးကပ်လာရင် နှစ်လုံးကို လေးဆယ်စားလောက် ဖြစ်လာနိုင်ပြီး နိုင်ပွဲပျောက်နေတဲ့ အတ္တလန်တာအသင်း အိမ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရသွားမှာပါ ။ ဒီအတွက်ကြောင့် အတ္တလန်တာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
◾လီဗာပူး Vs လိုင်လီ
ခြောက်ပွဲလုံးအနိုင်ရထားပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းအတွက် အမှတ်မလိုတော့ပါဘူး ။ အခုအိမ်ကွင်းပွဲမှာ အရန်ကစားသမားတွေကို သေချာပေါက် အသုံးပြုလာနိုင်ပါတယ် ။ လိုင်လီအသင်းက အရမ်းညံ့နေတဲ့အသင်းမျိုး မဟုတ်ပေမဲ့ လီဗာပူးကွင်းမှာ သရေတစ်မှတ်လောက်ရရင်ကို ကျေနပ်စရာပါ ။ နှစ်လုံးသွင်းရင်တောင် တစ်ဝက်ပဲ ကြေးစားရမဲ့ လီဗာပူးအသင်းရဲ့ ပေါက်ကြေးက အနည်းငယ်ပြင်းရှနေပေမဲ့ ဂိုးပြတ်ကြီးသွင်းမယ်လို့ မထင်ပါဘူး ။ လီဗာပူးအသင်းရဲ့ ခံစစ်က တစ်ဂိုးသာပေးထားရတဲ့ အနေအထားမှာ လိုင်လီအသင်း တစ်ဂိုးရဖို့တောင် ခက်ခဲနိုင်ပြီး လီဗာပူးအသင်းကလည်း ဂိုးပြတ်ကြီး အနိုင်ယူပြမယ်လို့ မထင်တာကြောင့် ဂိုးပေါင်းအောက်ကို စဥ်းစားထားပါတယ် ။ သုံးဂိုးသွင်းရင်တောင် ပြားသုံးဆယ်လောက်အနိုင်ရဦးမှာ ဖြစ်တဲ့အတွက် ဂိုးပေါင်းအောက်ကို ရွေးချယ်ထားပါတယ် ။ ဒီပွဲမှာ လိုင်လီအသင်း ဂိုးမရနိုင်ဘဲ လီဗာပူးအသင်းကပဲ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾ စလိုဗန် Vs စတုဂတ်
တစ်မှတ်မှမရထားတဲ့ စလိုဗန်အသင်းအနေနဲ့ ဂုဏ် သိက္ခာအရသာ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပေမဲ့ စတုဂတ်အသင်းအတွက်ကတော့ နိုင်ပွဲရဖို့ အသည်းအသန်လိုအပ်နေပါတယ် ။ ခုနစ်မှတ်ရထားတဲ့ စတုဂတ်အသင်းအနေနဲ့ ဒီပွဲအနိုင်ရရင် Play – off အဆင့်ကို ကစားခွင့်ရဖို့အတွက် အခွင့်အရေးရှိတာကြောင့် ဒီပွဲအနိုင်ရဖို့ လိုပါတယ် ။ စတုဂတ်အသင်းရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိနေပြီး နှစ်လုံးသွင်းရင်တောင် ပြားအနည်းငယ်သာ အနိုင်ရရှိမဲ့ ပေါက်ကြေးကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးထက် အနည်းငယ်တောင် ပြင်းနေပါသေးတယ် ။ အိမ်ဖြည့်အသင်းဖြစ်တဲ့ စလိုဗန်အသင်းက တစ်ပွဲကို သုံးဂိုးလောက် ပေးထားရတဲ့ ခံစစ်ကြောင့် အဝေးကွင်း စတုဂတ်အသင်း နှစ်ဂိုးပြတ်ဖို့ မခက်ပါဘူး ။ တစ်ဂိုးအသာနဲ့ ရပ်ထားလို့ သရေဖြစ်သွားရင် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်မဲ့သွားနိုင်တာကြောင့် ဂိုးတွေရသလောက် သွင်းထားမဲ့ စတုဂတ်အသင်း ဂိုးပြတ်သွင်းပါလိမ့်မယ် ။ ဒီပွဲစဥ်မှာတော့ စတုဂတ်ဘော်ဒီကိုတော်တော်လေး သဘောကျပါတယ် ။
◾ဇဗက်ဒါ Vs PSV
အပေါ်က စတုဂတ်လိုဘဲ နိုင်ပွဲရဖို့ လိုအပ်နေတဲ့အသင်း ကတော့ PSV အသင်း ဖြစ်ပါတယ် ။ နောက်ပွဲက လီဗာပူးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲအနိုင်ရထားမှ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိမှာပါ။ ဆားဘီးယားကလပ် ဇဗက်ဒါအသင်းရဲ့ ခြေစွမ်းက အရမ်းညံ့နေတဲ့အသင်းမျိုး မဟုတ်ဘူးဆိုတာ တွေ့ရမှာဖြစ်ပြီး အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းထားနိုင်တဲ့ အချက်က PSV အသင်းကို ဒုက္ခကောင်းကောင်း ပေးလာနိုင်ပါတယ် ။ PSV အသင်းက တစ်လုံးသွင်းရင် ပြားငါးဆယ်လောက် ပေးထားတဲ့ ပေါက်ကြေးကို သံသယဖြစ်နေပြီး နှစ်ဂိုးပြတ်အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ် ။ အမှတ်လိုအပ်နေတဲ့ PSV အသင်းအနေနဲ့ အနိုင်ရမယ်ဆိုရင် တစ်လုံးသရေလောက်ထိ ပေးသင့်တယ်လို့ ယူဆထားတာကြောင့် အခုပေါက်ကြေးက PSV အသင်းအနိုင်ရဖို့ ခက်ခဲတယ်လို့ ထင်ပါတယ် ။ ဒီပွဲရဲ့ ဂိုးပေါင်းကြေးကလည်း သိသိသာသာ ပြင်းရှနေတာကြောင့် နှစ်သင်းလုံး ဂိုးရနိုင်တဲ့ အနေအထားမျိုးကိုလည်း တွေ့ရပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ဇဗက်ဒါအသင်း တစ်ဂိုးလောက်ရခဲ့ရင် မရှုံးနိုင်တဲ့ ရွေးချယ်မှုအဖြစ် ဇဗက်ဒါဘော်ဒီနဲ့ ဂိုးပေါ် နှစ်မျိုးလုံးကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘင်ဖီကာ Vs ဘာစီလိုနာ
ဆယ့်ငါးမှတ်ရထားတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လက်ကျန်နှစ်ပွဲမှာ တစ်မှတ်လောက် ရထားရင်ကို ထိပ်ဆုံးရှစ်သင်းနေရာကို ရနိုင်ပါတယ် ။ ဘင်ဖီကာအသင်းအနေနဲ့ ထိပ်ဆုံးရှစ်သင်းနေရာကနေ တိုက်ရိုက်ကစားခွင့် ရချင်တယ်ဆိုရင် ဒီပွဲကို သေချာပေါက် အနိုင်ကစားရမှာ ဖြစ်ပါတယ် ။ အခုပွဲစဥ်မှာ ဘာစီလိုနာအသင်းရဲ ဘော်ဒီကြေးတွေ တဖြည်းဖြည်း လျော့ကျလာပေမဲ့ ဂိုးပေါင်းကြေးက ပြန်တက်လာပြန်ပါတယ် ။ အိမ်ရှင်ဘင်ဖီကာအသင်းကသာ တိုက်စစ်ဖွင့်ကစားလာမယ်ဆိုရင် ဘာစီလိုအသင်းကလည်း တိုက်စစ်နဲ့သာ တုံ့ပြန်ကစားလာနိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ် ။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်က တော်တော်လေး ကောင်းမွန်နေပြီး လူငယ်ကစားသမားတွေကို ဝါရင့်တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ တွဲဖက်မှုက တော်တော်လေး အလုပ်ဖြစ်ပါတယ် ။ အိမ်ရှင်ဘင်ဖီကာအသင်းကလည်း အနိုင်ရဖို့ လိုအပ်နေတာကြောင့် တိုက်စစ်ဖွင့်ကစားပြီး ဂိုးရနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ် ။ လေးဂိုးပြည့်မှ ကြေးစားရမှာ ဖြစ်ပေမဲ့ ကြေးတက်လာတဲ့ ဂိုးပေါင်းကြေးနဲ့ လက်ရှိခြေစွမ်းတွေကြောင့် ဂိုးတွေအများကြီး မြင်တွေ့ရနိုင်တဲ့အတွက် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။