၂၁.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒန်က သမ္မတအာဏာကို ဒေါ်နယ်ထရန့်ဆီကို လွှဲပေးရတော့မယ့် ဇန်နဝါရီလ ၂၀ ရက်မှာပဲ ရှားရှားပါးပါးလုပ်ရပ်တစ်ခုဖြစ်တဲ့ သူ့ရဲ့ မိသားစုဝင်ငါးယောက်ကို ကြိုတင်လက်ဦးမှုရယူကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒန်က သူတို့အနေနဲ့ အခြေအမြစ်မရှိဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှုပြုတဲ့စုံစမ်းစစ်ဆေးမှုတွေအရ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဂျိုးဘိုင်ဒန်က ဆိုခဲ့ပါတယ်။ ထရန့်က သမ္မတ တာဝန်မယူမီ မိနစ်ပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်ကြောင့် သူ့ရဲ့ညီ ဂျိမ်းစ်ဘိုင်ဒန်၊ ဇနီးဖြစ်သူ ဆာရာဂျုံးစ်ဘိုင်ဒန်၊ ဂျိုးဘိုင်ဒန်ရဲ့ ညီမ ဗီလီရီ ဘိုင်ဒန် အိုဝင်စ်၊ အိုဝင်စ်ရဲ့ ခင်ပွန်း ဂျွန် အိုဝင်စ်နဲ့ ညီဖြစ်သူ ဖရန်စစ် ဘိုင်ဒန်တို့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရကြမှာပါ။
ဂျိုးဘိုင်ဒန်က ဒီဇင်ဘာလအတွင်းကလည်း သမ္မတတစ်ဦးဖြစ်တဲ့ သူ့အနေနဲ့ ဒီလိုဆောင်ရွက်မှာမဟုတ်ဘူးဆိုတဲ့စကားကို ပြောင်းပြန်လှန်ပြီး သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါသေးတယ်။ ဟန်တာက ပြည်ထောင်စုလက်နက်မှုနဲ့ ရုံးတင် တရားစွဲခံခဲ့ရပြီး သူ့အနေနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့တာပါ။
ဂျိုးဘိုင်ဒန်ရဲ့ အခုလို သမ္မတအာဏာကို ထူးထူးခြားခြားအသုံးပြုပြီး မွေးချင်း မိသားစုဝင်တွေအတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို ဆောင်ရွက်ခဲ့မှုကို ထရန့်က ဂျိုးဘိုင်ဒန်ဟာ အနာဂတ်သမ္မတတွေအတွက် မယုံနိုင်စရာ စံနမူနာတွေကို ဖန်တီးလုပ်ပြနေတာပဲလို့ ဝေဖန်ခဲ့ပါတယ်။
Ref- CNBC