၂၀. ၁. ၂၀၂၅
Written by Nay Moe
SAC အစိုးရအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးနဲ့ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးကို တက်ရောက်ခဲ့သလို အာဆီယံဝန်ကြီးတွေက ကျားဖြန့်တိုက်ဖျက်ဖို့ ဘန်ကောက်ဒစ်ဂျစ်တယ်ကြေညာစာတမ်းနဲ့ အာဆီယံသဘောတူညီချက်ထုတ်ပြန်ပြီးမှ NUG နဲ့ EAOs တွေကလည်း သူတို့လည်း ကျားဖြန့်တိုက်ဖျက်ပါရစေလို့ ထုတ်ပြန်တောင်းဆိုလာပါတယ်။
အာဆီယံဝန်ကြီးများ အစည်းအဝေး တက်ရောက်ခွင့်မရတဲ့ NUG နဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်လုပ်ငန်းတစ်ခုဖြစ်တဲ့ မြဝတီက KK Park မှာ ရှယ်ယာပါတဲ့ KNU/KNLA တို့ ဦးဆောင်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေရဲ့ ထုတ်ပြန်လာတဲ့ ကျားဖြန့်တိုက်ဖျက်ချင်မှုဟာ အာဆီယံဝန်ကြီးတွေရဲ့ အာဆီယံနိုင်ငံတွေ ပူးပေါင်းပြီး ကျားဖြန့်တိုက်ဖျက်မယ်လို့ ကမ္ဘာကိုကြေညာတဲ့ ဘန်ကောက်ဒစ်ဂျစ်တယ် ကြေညာစာတမ်းမှာ အိမ်နီးချင်းငါးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းငါးနိုင်ငံနဲ့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိရောက်တဲ့လမ်းကြောင်းတစ်ခု အကောင်အထည်ဖော်သွားချင်တယ်လို့ အရေးတကြီးတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
ကျားဖြန့်လုပ်ငန်းစု KK Park မှာ ရှယ်ယာပါကြောင်း ကျော်စောသတင်းရှိသူ KNU/KNLA နဲ့ NUG တို့ရဲ့ ကျားဖြန့်တိုက်ဖျက်လိုကြောင်း ဖက်ဒရယ်ဒီမိုကရေစီအင်အားစုအမည်တပ် တောင်းဆိုမှုမှာ MNDAA ၊ TNLA နဲ့ AA တို့လို မြောက်ပိုင်းလက်နက်ကိုင်တွေ မပါသလို NUG စပ်ပေါင်းအင်အားစု K3C က နုတ်ထွက်သွားတဲ့ KIA လည်း မပါဝင်ဘဲ KNPP ၊ CNF ၊ ABSDF ၊ MNSP (AD)၊ WLB တို့ ခြောက်ဖွဲ့သာ ပါဝင်တာလည်း တောင်းဆိုချက်မှာ တွေ့ရပါတယ်။