၂၀.၁.၂၀၂၅
Translated by Htwe Ko Tun
နောက်ဆုံးအချိန်အထိ နှောင့်နှေးမှုတွေဖြစ်ခဲ့ရတဲ့ ကျိုးလွယ်ပျက်လွယ်နိုင်တဲ့ အစ္စရေးနဲ့ ဟားမားစ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့နှစ်ဖက် ဓားစာခံ အကျဉ်းသားတွေလဲလှယ်ရေးသဘောတူညီချက်က ဇန်နဝါရီ ၂၀ ရက်မှာတော့ညအကျိုးသက်ရောက်မှု ဒုတိယနေ့အဖြစ် ဆက်လက်တည်ရှိလာခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာနေထိုင်တဲ့ ပါလက်စတိုင်းပြည်သူတစ်ဦးကတေ့ာ “စစ်ပွဲစဖြစ်ကထဲက မနေ့က ညမှာတော့ ကျွန်တော်ပထမဆုံးအချိန်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရတယ်ဗျာ။အရင်ညတွေလို ဘယ်တော့ ဗုံးလာကြဲမလဲ စိုးရိမ်စရာမလိုဘဲ သဘောတူညီချက်ကြောင့် လုံခြုံစိတ်ချရမှု ရခဲ့တာကိုး”လို့ပြောခဲ့ပါတယ်။
သဘောတူညီချက်ရဲ့ ပထမအဆင့်အရ ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို အစ္စရေးတို့က ဇန်နဝါရီလ ၁၉ ရက် ညမှာ စတင်လွှတ်ပေးခဲ့ပါတယ်။ သူတို့တွေမှာအမျိုးသမီး ၆၉ ဦးနဲ့ ကလေး၂၁ ဦးပါဝင်ပြီး ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသ နယ်မြေနှစ်ခုစလုံးကဖြစ်တယ်လို့ သိရပါတယ်။
ဟားမားစ်ဘက်ကလည်း အစ္စရေးအမျိုးသမီးသုံးဦးကို စတင်လွှတ်ပေးခဲ့ပါတယ်။ သူတို့ထဲမှာတစ်ဦးကတော့ အစ္စရေးနဲ့ ဗြိတိန်နှစ်နိုင်ငံခံယူထားသူလို့ သိရပါတယ်။ သူတို့သုံးဦးကိုတော့ တယ်လ်အဗစ်မြို့က ဆေးရုံတစ်ရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုပြုပေးနေပြီး အားလုံးက တည်ငြိမ်တဲ့ကျန်းမာရေးအခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။
Ref- BBC