၁၉. ၁. ၂၀၂၅
Written by Nay Moe
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ ဇန်နာဝါရီလ (၁၈) ရက်နေ့အထိ PDF အမည်ခံ တော်လှန်ရေးအင်အားစုဘက်က ၅၀၀၅ ဦး သေတယ်လို့ Spring Revolution Database က ဖော်ပြပါတယ်။
ဒါ့အပြင် အရပ်သားလို့သတ်မှတ်သူတွေထဲမှာလည်း သေသူ ၁၀၅၉၆ ဦးရှိလို့ စုစုပေါင်းသေသူက ၁၅၆၀၁ ဦးလို့ ဆိုပေမဲ့ နာမည်အတိအကျရရှိထားသူကတော့ ၉၅၄၁ ဦးပဲရှိပြီး ၆၀၆၀ ဦးကတော့ အတိအကျမသိဘူးလို့ပြောပါတယ်။
ဒီလိုသေဆုံးမှုစာရင်းမှာ AA, KIA, MNDAA, TNLA, KNU အစရှိတဲ့ လက်နက်ကိုင် EAOs တွေရဲ့ သေဆုံးစာရင်းကတော့ ရရှိဖို့မလွယ်ကူလို့ လက်လှမ်းမီတာပဲ မှတ်တမ်းယူထားတယ်လို့ SRD က ပြောပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း သေဆုံးသူသီးသန့်စာရင်းအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၉၅၆)ဦး၊ NUG ကာကွယ်ရေး ဝန်ကြီးဌာန (၇၃)ဦး၊ ERO (၆၇) ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) (၄၃)ဦး၊ မြို့ပြပျောက်ကြား (၃)ဦး၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) (၂)ဦး အပါအဝင်စုစုပေါင်း(၁,၁၄၄)ဦး သေဆုံးသွားတယ်ပြောပါတယ်။
ဒါပေမဲ့လည်း PDF တွေဘက်က သတ်ဖြတ်မှုက နှစ်ဆကျော်ပိုများနေပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ NUG ယာယီသမ္မတဒူဝါလရှီးလက Reuter Next အစီအစဥ်မှာ ဝန်ခံချက်အရ သူတို့ PDF တွေနဲ့ EAOs တွေဟာ နှစ်နစ်အတွင်း တပ်မတော်နဲ့ ဆက်စပ်သူ လူ ၃၀၀၀၀ ကျော် သတ်ထားတယ်လို့ ဝန်ခံထားပြီး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆက်လက် သတ်ဖြတ်မှုကိုတော့ NUG နဲ့ EAOs တွေက သတ်ဖြတ်မှုစာရင်း ထုတ်ပြန်ပြောဆိုမှု မရှိတော့ပါဘူး။