၁၉.၁. ၂၀၂၅
Wtitten by MMAK
◾ မန်ယူ Vs ဘရိုက်တန်
ဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းကိုတောင် ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ မန်ယူအသင်းရဲ့ ခြေစွမ်းက ယုံကြည်ဖို့ရာ ခက်ခဲပါတယ်။ ဘရိုက်တန်အသင်းက အဝေးကွင်းဖြစ်ပေမဲ့ မန်ယူအသင်းကို ကောင်းကောင်းယှဉ်ကစားနိုင်တဲ့ ခြေစွမ်းမျိုး ရှိပါတယ်။ ပေါက်ကြေးမှာတော့ မန်ယူအသင်းက ပြားငါးဆယ်လောက် ပြန်ပေးထားတာ တွေ့ရပြီး အိမ်ကွင်းဖြစ်နေတဲ့အချက်ကြောင့် ကြေးကြောပေးတယ်ဆိုပေမဲ့ ပြားသုံးဆယ်လောက် ပေးရင်လည်း ရပါတယ်။ ပေါက်ကြေးအရ မန်ယူအသင်း ဂိုးရဖို့များနေပြီး ဘရိုက်တန် ဂိုးသွင်းနိုင်မလားဆိုတာ စဥ်းစားရမှာပါ။ ဂျာအိုပတ်ထရို ၊ မီတိုမာ ၊ အက်ဒင်ဂရာတို့ ပါဝင်လာမဲ့ ဘရိုက်တန်တိုက်စစ်က မန်ယူခံစစ်ကို ဂိုးရဖို့ များပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက် မြင်တွေ့ရနိုင်ပြီး သုံးဂိုးသွင်းရင် တစ်ဝက်လောက်အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးကြောင့် ဂိုးပေါင်းအပေါ်ကိုဘဲ ရွေးရမှာပါ။ ပေါက်ကြေးအရ မန်ယူအသင်း အနိုင်ရသွားနိုင်တဲ့ ပုံစံမျိုးတွေ့ရပေမဲ့ မန်ယူအသင်းက ပရိတ်သတ် အများဆုံးနဲ့ လောင်းကြေးတွေ စုံပုံနေတာကြောင့် မန်ယူဘော်ဒီကို ရွေးချယ်ဖို့ရာ အန္တရာယ်များပါတယ်။ ဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီလောက်နဲ့ ပွဲပြီးမယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ် ရွေးချယ်မှုကသာ အကောင်းဆုံး ဖြစ်ပါတယ်။
◾အဲဗာတန် Vs စပါး
အဲဗာတန်အသင်းကို နည်းပြဟောင်း ဒေးဗစ်မိုယက် ပြန်လည်ကိုင်တွယ်နေပြီး ပထမဆုံးပြဲမွာ ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုအိမ်ကွင်းပွဲက ထပ်ရှုံးလို့ မရတော့ပါဘူး။ စပါးအသင်းကလည်း ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်မှုနှင့်အတူ အဆင့်တစ်ဆယ့်ငါးအထိ ရောက်သွားပါတယ်။ အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတယ် ဆိုပေမဲ့ စပါးအသင်းက အသင်းကြီးတစ်သင်း ဖြစ်တဲ့အတွက် ကြေးကြောပေးရမှာ ဖြစ်ပေမဲ့ ဘော်ဒီကြေး ဒဲ့ပေါက်နေတာကြောင့် စပါးအသင်း အနိုင်ရဖို့ မလွယ်ဘူးလို့ သုံးသပ်ရမှာပါ။ ဒီရာသီမှာ စပါးအသင်းကို ဒုက္ခရောက်စေတဲ့ အကြောင်းအရင်းက သူတို့ရဲ့ ခံစစ်ပိုင်းဖြစ်ပြီး တိုက်စစ်က ဂိုးဘယ်လောက်သွင်းသွင်း ခံစစ်က ပေးဂိုးတွေ များနေသရွေ့ ရလဒ်ကောင်းမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ နှစ်သင်းလုံးက အနိုင်ရလဒ်ကိုဦးတည်ကစားလာနိုင်တဲ့ ပုံစံမျိုးတွေ့ရသလို အဲဗာတန်အသင်းရဲ့ အိမ်ကွင်းပွဲတွေက ဂိုးအောက်တွေ များနေတာကြောင့် ထိုးသားတွေ ဂိုးအောက်ကို ရွေးချယ်လာနိုင်ပါတယ်။ အဲဗာတန်ရော စပါးအသင်းရော ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီလောက်တော့ မြင်ရနိုင်ပါတယ်။ သုံးလုံးသွင်းရင် အပြည့်နီးပါးလောက် စားရမှာ ဖြစ်တာကြောင့် ဂိုးပေါ်ကိုကြိုက်ပါတယ်။
◾ နော်တင်ဟန်ဖောရက် Vs ဆောက်သမ်ပ်တန်
ဖောရက်အသင်းက တော်တော်လေးကို ခြေစွမ်းကောင်းနေပြီး နောက်ဆုံးရှစ်ပွဲဆက် ရှုံးပွဲမရှိထားတာကြောင့် ယုံကြည်မှုအားကောင်းနေပါတယ်။ ဆောက်သမ်ပ်တန်အသင်းက တန်းဆင်းရဖို့ သေချာသလောက်ရှိနေပြီး ဒီပွဲမှာလည်း ဂိုးပြတ်မရှုံးအောင်သာ ကစားရမှာ ဖြစ်ပါတယ်။ တစ်ဂိုးသွင်းရင် တစ်ဝက်လောက်နစ်နာဦးမဲ့ ဖောရက်အသင်းရဲ့ ပေါက်ကြေးက မှန်ကန်မှုရှိတယ်လို့ ပြောရမှာ ဖြစ်ပြီး တစ်ဂိုးနဲ့ နိုင်မလား နှစ်ဂိုးပြတ်နိုင်မလားဆိုတာဘဲ ကြည့်ရမှာပါ။ ဖောရက်အသင်းရဲ့ ခံစစ်က တော်တော်လေး မာကျောမှု ရှိတာကြောင့် ဆောက်သမ်ပ်တန်အသင်း တစ်ဂိုးရဖို့တောင် ခက်ခဲနိုင်ပြီး ဖောရက်တစ်သင်းတည်းပဲ ဂိုးရဖို့များပါတယ်။ ဂိုးပေါင်းကြေးကို ကြည့်မယ်ဆိုရင် သုံးလုံးသွင်းရင်တောင် ပြားအနည်းငယ်ဘဲ အနိုင်ရမယ်ဆိုတဲ့ အတွက်ကြောင့် ကြေးပြင်းတယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်အသင်းကို ဂိုးမရနိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဂိုးပေါင်းအပေါ်က ဖောရက်အသင်းက ဂိုးသွင်းမှ ဂိုးပေါ်မယ်လို့ သုံးသပ်ရမှာပါ။ ဆောက်သမ်ပ်တန်အသင်း ဂိုးမရနိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဖောရက်အသင်းသာ နှစ်ဂိုးလောက် သွင်းထားနိုင်ရင် ကြေးအောင်ဖို့ များပါတယ်။ ဒီအတွက်ကြောင့် ခြေစွမ်းကောင်းနေတဲ့ ဖောရက်အသင်းကိုပဲ ရွေးရမှာပါ။
◾အစ်ဆွချ် Vs မန်စီးတီး
မန်စီးတီးအသင်း ခြေစွမ်းတည်ငြိမ်လာတာ တွေ့ရပေမဲ့ ခံစစ်က အချိန်မရွေး ဂိုးပေးရနိုင်တဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ အရေးအကြီးဆုံးအချက်က မန်စီးတီးအသင်းက ဒီပွဲပြီးရင် PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိပါတယ်။ PSG အသင်းက အမှတ်လိုအပ်ချက် ပြင်းပြနေသလို မန်စီးတီးအသင်းကလည်း နောက်တစ်ဆင့်တက်ဖို့ အမှတ်လိုသေးတာကြောင့် နောက်ကစားမဲ့ ချန်ပီယံလိဂ်ပွဲကို မန်စီးတီးအသင်း အာရုံရောက်နေနိုင်ပါတယ်။ အစ်ဆွချ်အသင်းရဲ့ အိမ်ကွင်းကစားအားကို လျှော့တွက်လို့မရဘဲ မန်စီးတီးအသင်းကို ဒုက္ခကောင်းကောင်း ပေးလာနိုင်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်သလို အစ်ဆွချ်အသင်းသာ တစ်ဂိုးရသွားရင် မန်စီးတီးအသင်း သုံးဂိုးပြန်သွင်းဖို့ ခက်ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်း နှစ်ဂိုးပြတ်မနိုင်ဘူးလို့ ယူဆထားတဲ့အတွက် အောက်အသင်းဖြစ်တဲ့ အစ်ဆွချ်ဘော်ဒီကို ကြိုက်ပါတယ်။
◾ ရီးရဲမက်ဒရစ် Vs လက်စ်ပါးမက်
စပိန်လာလီဂါမှာ အမှတ်ပေးဖလားအတွက် အပြိုင်သုံးသင်းဖြစ်နေပြီး ရီးရဲနဲ့ဘာစီလိုနာအပြင် တီကိုအသင်းပါ ပါဝင်လာပါတယ်။ စနေညမှာ တီကိုအသင်းက ရှုံးပွဲတွေ့ခဲ့ပြီး ဘာစီလိုနာအသင်းက သရေကျခဲ့တာကြောင့် ရီးရဲအသင်းအနေနဲ့ ဒီပွဲအနိုင်ရရင် အမှတ်ပေးဇယား ထိပ်ဆုံးကို နှစ်မှတ်အသာနဲ့ ဦးဆောင်ခွင့်ရမှာပါ။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်ပွဲ ကစားရမှာဆိုပေမဲ့ အခုအိမ်ကွင်းပွဲကိုဘဲ အာရုံစိုက်ကစားဖို့ များပါတယ်။ လက်စ်ပါးမက်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက ပိုကောင်းတာ ဖြစ်ပေမဲ့ ရီးရဲအသင်းပေးထားတဲ့ ဘော်ဒီကြေး နှစ်လုံးသရေက တော်တော်ကို ပြင်းတယ်လို့ ပြောရမှာပါ။ ဗင်နီးစီးယက်၊ ကာမာဗင်ဂါနဲ့ မိုဒရစ်တို့ မပါနိုင်တာကို ဒီကြေးပေးတာက ရီးရဲအသင်း အမှန်အကန် ကန်ပြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ပေါက်ကြေးအရမ်းပြင်းနေတဲ့ ရီးရဲအသင်းကို ထိုးသားတွေ မနေရဲအောင် မောင်းထုတ်နေတယ်လို့ ယူဆထားတာကြောင့် ရီးရဲဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ကက်ဂလီယာရီ Vs လက်ချီ
တန်းဆင်းဇုန်ထဲက ကက်ဂလီအသင်းက အဆင့်တစ်ဆယ့်သုံးက လက်ချီအသင်းကို သရေအရှုံးလောက်ထိ ပေးထားတဲ့ ပေါက်ကြေးက အရမ်းပြင်းနေပြီး အနိုင်ရမဲ့ ပေါက်ကြေးလို့ ထင်ပါတယ်။ အဝေးကွင်းကိုးပွဲမှာ နှစ်ဂိုးသာ သွင်းထားနိုင်တဲ့ လက်ချီအသင်းက ပြီးခဲ့တဲ့အပတ်မှာ အမ်ပိုလီအသင်းကို အဝေးကွင်းကနေ ဂိုးပြတ်ကြီး နိုင်သွားခဲ့တာကြောင့် ဒီပွဲမှာတော့ ထပ်မနိုင်တော့ဘူးလို့ ထင်ပါတယ်။ လက်ချီအသင်းက အဝေးကွင်းအရမ်းညံ့တဲ့အသင်းမျိုး ဖြစ်နေပေမဲ့ ကက်ဂလီအသင်းက အိမ်ကွင်းခြေစွမ်းက သာမာန်ဘဲ ရှိနေတဲ့အတွက် ဒီကြေးပေးလို့မရပါဘူး။ ပြားငါးဆယ်လောက်သာ ပေးသင့်တာ ဖြစ်ပေမဲ့ သရေအရှုံးပေးထားတဲ့ အိမ်ရှင်ကက်ဂလီအသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲနဲ့ ပုံစံတူတဲ့ ပါးမားနဲ့ ဗင်နီဇီယာပွဲဆိုရင် အိမ်ရှင်ဖြစ်သလို ရပ်တည်မှု ပိုမြင့်တဲ့ ပါးမားအသင်းက ပြားလေးဆယ် အရှုံးသာ ပေးထားပါတယ်။ ပေါက်ကြေးကို ယှဥ်ကြည့်လိုက်မယ်ဆိုရင် သရေအရှုံးပေးထားတဲ ကက်ဂလီအသင်း အနိုင်ရမဲ့ ပေါက်ကြေးပါ။ ဒီပွဲစဥ်မှာတော့ ပေါက်ကြေးအရ ကက်ဂလီယာရီဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ်။