၁၉.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ RC ၂ထပ်တိုက်တွင် ဇန်နဝါရီလ ၁၈ ရက် ည ၈ နာရီ မိနစ် ၄၀ ခန့်က လျှပ်စစ်မီးနှင့် ဆိုလာပြောင်းသည့် Change Over အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ RC ၂ ထပ်တိုက်၏ ဧည့်ခန်းတွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ကျွန်းဆက်တီ၊ TV ၊ Aircon နှင့် Sound Boxတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၅ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၆၂ နှစ် အရွယ် အိမ်ပိုင်ရှင် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။