၁၈. ၁. ၂၀၂၅
Wtitten by MMAK
◾ ဘရန့်ဖို့ Vs လီဗာပူး
လီဗာပူးအသင်းက ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ တစ်ပွဲလျော့အနေအထားနဲ့ ဒုတိယနေရာက အာဆင်နယ်အသင်းကို လေးမှတ်ဖြတ်ထားပါတယ်။ ဘရန့်ဖို့အသင်းက အိမ်ကွင်းအကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်တာကြောင့် လီဗာပူးအသင်းအနေနဲ့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိပါတယ်။ အိမ်ကွင်းဆိုရင် ဘရန့်ဖို့အသင်းက ဘယ်အသင်းလာလာ ယှဥ်ကစားတတ်တာကြောင့် လီဗာပူးအသင်းကို ရှိန်နေမှာ မဟုတ်ဘဲ အကောင်းဆုံး တုံ့ပြန်ကစား နိုင်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ နှစ်ဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တာကြောင့် အိမ်ရှင်ဘရန့်ဖို့အသင်းသာ တစ်ဂိုးလောက်ရသွားရင် လီဗာပူးအသင်း သုံးဂိုးပြန်သွင်းမှ ကြေးအောင်မှာ ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းက တစ်ဂိုးလောက်ရခဲ့ပြီး လီဗာပူးအသင်းက သုံးဂိုးပြန်သွင်းခဲ့ရင် ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော စုံပေါ်အောင်သွားမဲ့ အခြေအနေ ဖြစ်တာကြောင့် အောက်ကြေးတစ်ခုတော့ ပြန်ထိန်းနိုင်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့တိုက်စစ်က တစ်ဂိုးလောက်သွင်းနိုင်တယ်လို့ ယူဆထားတဲ့အတွက် အောက်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ လက်စတာ Vs ဖူဟမ်
ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ လက်စတာအသင်းအနေနဲ့ ဖူဟမ်လိုမျိုး အသင်းငယ်တွေကို အမှတ်ပေးတတ်ပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့ အသင်းဆီကနေ သရေတစ်မှတ်တောင် ရအောင်မကစားနိုင်ရင် တန်းဆင်းရဖို့ သေချာနေပါပြီ။ နည်းပြနစ္စတယ်ရွိုင်းနဲ့ လက်စတာအသင်းအတွက် အခုအိမ်ကွင်းပွဲမှာ အနည်းဆုံး သရေတစ်မှတ်လောက်တော့ ရယူထားသင့်ပါတယ်။ ကိုးပွဲဆက် ရှုံးပွဲမရှိထားတဲ့ ဖူဟမ်အသင်းက နောက်ဆုံးပွဲမှာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပွဲတွေမှာလည်း မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့လို့ အသင်းကြီးတွေနဲ့ ကစားရမှာကြောင့် အမှတ်လျော့နိုင်ချေ ရှိပါတယ်။ တစ်ဂိုးသွင်းရင်တောင် အပြည့်မရသေးတဲ့ ဖူဟမ်အသင်းရဲ့ ဘော်ဒီကြေးက ပြင်းရှနေသလို ဂိုးပေါင်းကြေးကလည်း သုံးလုံးသွင်းမှ တစ်ဝက်လောက်ဘဲ အနိုင်ရမှာ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲစဥ်တစ်ပွဲလို့ ယူဆထားပါတယ်။ အရှုံးအနိုင် အဖြေပေါ်သွားနိုင်ပြီး ဘယ်အသင်းက ဂိုးအရင်ရရ ကျန်တဲ့အသင်းက တိုက်စစ်ဖွင့်ကစားမဲ့ အနေအထားကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs ပဲလေ့စ်
ဒီပွဲစဥ်ကလည်း လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ ပွဲစဥ်တစ်ပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ကြားရက်မှာ ဖူဟမ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားခဲ့ရပြီး အနိုင်ရရှိခဲ့သလို ပဲလေ့စ်အသင်းကလည်း လက်စတာအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ အိမ်ကွင်းဖြစ်နေသလို ပဲလေ့စ်အသင်းထပ် အဆင့်ရပ်တည်မှု ပိုမြင့်တဲ့အတွက် ပြားအနည်းငယ်လောက် ကြေးကြောပေးသင့်တဲ့တာ ဖြစ်ပေမဲ့ ဒဲ့ပေါက်နေတဲ့ ဘော်ဒီကြေးက ဝက်စ်ဝမ်းအသင်းအနိုင်ရပါ့မလားဆိုတာ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုပွဲစဥ်တွေမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရလေ့ရှိပေမဲ့ သုံးဂိုးသွင်းရင် အပြည့်နီးပါးလောက် စားရမဲ့ ဂိုးပေါင်းကြေးကလည်း ဂိုးပေါ်ခေါ်နေသလို ဖြစ်နေပါတယ်။ ကြားရက်မှာ နိုင်ပွဲကိုယ်စီရထားသလို ဒါဘီပွဲဖြစ်နေတာကြောင့် ထိန်းကစားလာနိုင်ပါတယ်။ ပဲလေ့စ်အသင်းက အဝေးကွင်းဆိုရင် ထိန်းကစားတတ်တာကြောင့် ကြေးကြောမပေးနိုင်တဲ့ ဝက်စ်ဟမ်းအသင်း အနိုင်မရနိုင်ဘူးဆိုရင် သွင်းဂိုးရဖို့လို့ မလွယ်ဘူးလို့ သုံးသပ်ရမှာပါ။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ အာဆင်နယ် Vs အက်စတွန်ဗီလာ
အာဆင်နယ်တိုက်စစ်မှာ ဆာကာနဲ့ ဂျီးဆပ်တို့ မပါနိုင်သေးသလို ကိုင်ဟာဗက်က ဂိုးပေါက်ပျောက်နေတာကြောင့် အာဆင်နယ်တိုက်စစ်က သွင်းဂိုးတွေအများကြီးရဖို့ ရုန်းကန်နေရတာမျိုး တွေ့ရပါတယ်။ ဗီလာအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ တည်ငြိမ်မှုအားကောင်းလာပြီး ခြေစွမ်းအတက်ဘက် ရောက်နေချိန် ဖြစ်ပါတယ်။ အိမ်ရှင်အာဆင်နယ်အသင်းအနေနဲ့ တစ်ဂိုးသွင်းရင် သရေသာရဦးမှာ ဖြစ်တာကြောင့် နှစ်ဂိုးပြတ်မှ ကြေးစားရမဲ့ အနေအထားမှာ အာဆင်နယ်အသင်း နှစ်ဂိုးပြတ်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဂိုးပေါင်းကြေးကလည်း အရမ်းပျော့နေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်နိုင်ဖို့ ခက်ခဲတဲ့ ပေါက်ကြေးကိုလည်း တွေ့ရပြန်ပါတယ်။ ကြားရက်မှာ နှစ်သင်းလုံး ချန်ပီယံလိဂ် ကစားရဖို့ရှိပေမဲ့ နောက်တစ်ဆင့်တက်ဖို့ နှစ်သင်းလုံး သေချာနေတာကြောင့် အခုပွဲကို အားစိုက်ကစားဖို့ များပါတယ်။ တစ်သင်းနဲ့တစ်သင်း အမှားစောင့်ကစားကြတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အပြန်အလှန်သွင်းဂိုးတွေ မမြင်တွေ့ထားရပါဘူး။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ဖိအားတွေ ရှိနေတယ်လို့ ယူဆထားတဲ့အတွက် နှစ်ဂိုးပြတ်အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ် ။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဗီလာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဟော့စတိန်းကီး Vs ဟော့ဖန်ဟိမ်း
ဂျာမာန်ဘွန်ဒက်လီဂါ တန်းဆင်းဇုန်က အထက်အောက်နှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ အိမ်ရှင်ဟော့စတိန်းကီးက ပြီးခဲ့တဲ့အိမ်ကွင်းပွဲမှာ ဒေါ့မွန်လိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သလို အိမ်ကွင်းပိုကောင်းတဲ့ အသင်းမျိုးဖြစ်ပေမဲ့ အဝေးကွင်းဟော့ဖန်ဟိမ်းအသင်းက ပြားအနည်းငယ်လောက် ကြေးကြောပြန်ပေးလာတာကို တွေ့ရပါတယ်။ တကယ်တော့ အိမ်ရှင်ဟော့စတိန်းကီးက ကြေးကြောပေးရမဲ့ အနေအထား ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက တိုက်စစ်အသားပေးတတ်တာကြောင့် ခံစစ်က ပေးဂိုးများသလို အခုပွဲပေါက်ကြေးအရ သွင်းဂိုးလည်းရမယ် ပေးဂိုးလည်း ရှိမယ်ဆိုတဲ့ ပေါက်ကြေးလို့ မြင်ပါတယ်။ အိမ်ရှင်ဟော့စတိန်းကီးအသင်းကလည်း ဂိုးရနိုင်ဖို့ သေချာသလောက်ရှိတာကြောင့် နှစ်သင်းလုံးတစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေးသလို ခံစစ်ကလည်း ဂိုးတွေအများကြီး ပေးရတဲ့ အသင်းတွေ ဖြစ်တဲ့အပြင် တန်းဆင်းဇုန်ပြိုင်ဘက်တွေ ဖြစ်တာကြောင့် အရှုံးအနိုင် အဖြေပေါ်နိုင်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ သုံးဂိုးသွင်းရင်တောင် တစ်ဝက်လောက် အကျိုးအမြတ်ရရှိမှာ ဖြစ်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။