၁၈. ၁. ၂၀၂၅
Written by Nay Moe
အသက် ၁၄ နှစ်နဲ့ PDF ထဲဝင်တဲ့ ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့က အသက်မပြည့်သေးတဲ့ PDF နှစ်ဦးဟာ RPG လက်နက်ကြီး ထိမှန်လို့ ဒီနေ့သေဆုံးသွားတယ်လို့ ကနဦးသိရပါတယ်။
Cobra Column နဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်တဲ့ Justice Soldier က PDF နှစ်ဦးဖြစ်တဲ့ ရဲဘော်မရမ်းကုန်းနဲ့ ရဲဘော်ပါဖက်တို့ဟာ ဒီနေ့ ကရင်ပြည်နယ်တစ်နေရာမှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း RPG လက်နက်ကြီးကျည် ထိမှန်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
ရဲဘော်မရမ်းကုန်းရော၊ ရဲဘော်ပါဖက်ပါ နှစ်ယောက်စလုံးဟာ အသက် ၁၄ နှစ်ကတည်းက အသက်မပြည့်စစ်သားအဖြစ် PDF ထဲ ဝင်လာကြတာဖြစ်တယ်လို့ Justice Soldier အဖွဲ့က အက္က က လူမှုကွန်ရက်မှာ ရေးသားထားသလို နွေဦးတော်လှန်ရေး ၂ နှစ်အကြာ အသက် ၁၆ နှစ်ကတည်းက ရှေ့တန်းအပို့ခံခဲ့ရပြီး တိုက်ပွဲဝင်ခဲ့ရာက ဒီနေ့မှာတော့ အသက်စတေးလိုက်ရတာပါ။
ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုရှိတဲ့ ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့တိုက်ပွဲအတွင်း သေဆုံးမှုများပြားလို့ စစ်သားခေါ်ယူစုဆောင်းမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ (Photo / PDF)